DVB Logo
Home
မြန်မာသတင်း
အမျိုးသမီး ၁ ဦးအား တရုတ်ဇနီးမယားအဖြစ် ရောင်းချရန် ကြံစည်သူ ၃ ဦး ဖမ်းမိ
DVB
·
January 12, 2019
အမျိုးသမီး ၁ ဦးအား တရုတ်ဇနီးမယားအဖြစ် ရောင်းချရန် ကြံစည်သူ ၃ ဦး ဖမ်းမိ
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာ အမျိုးသမီးတဦးအား တရုတ်နိုင်ငံသား ဇနီးမယားအဖြစ်​ ရောင်းချဖို့ ကြံစည်စည်းရုံးနေသူ ၄ ဦးအနက် ၃ ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်​။

ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို facebook လူမှုကွန်ရက်က ခင်မင်ခဲ့တဲ့ စည်သူဆိုသူက တရုတ်နိုင်ငံသား ဇနီးမယားအဖြစ်နဲ့ ၁ နှစ်ပေါင်းသင်း​နေထိုင်​မယ်​ဆိုရင်​ ကျပ်သိန်း ၅၀ ရမယ်​ဆိုပြီး ပြောဆိုစည်းရုံးခံခဲ့ရပါတယ်။

စည်းရုံးပြီးချိန်​မှာ တရုတ်နိုင်ငံကိုသွားဖို့ ဇန်နဝါရီ ၉ ရက်နေ့မနက်​ ၈ နာရီအချိန်​လောက်​မှာ မြဝတီမင်းကြီးနဲ့ သာယာဝတီမင်းကြီးလမ်းကြား ၆၄ လမ်းမှာရှိတဲ့ စည်​သူ၊ နိုင်နိုင်ဦး၊ ဇင်မောင်မောင်နဲ့ ဇာနည်မောင်မောင်တို့က ကြိုတင်ငွေအဖြစ်​ ၃ သိန်းပေးခဲ့ပါတယ်။

စည်းရုံးခံခဲ့ရတဲ့ အမျိုးသမီးကို ဇန်နဝါရီ ၁၀ ရက်နေ့ မနက်​ ၆ နာရီခွဲ​လောက်​မှာ  မူဆယ်ပို့ဖို့ ​ဇင်မောင်မောင်က တာဝန်ယူပြီး ပို့ခအဖြစ် ငွေ ၁၀ သိန်းရယူမှာ ဖြစ်​ပါတယ်။

မူဆယ်ရောက်တဲ့အခါ နိုင်နိုင်ဦးက တရုတ်ပြည်ကို မြန်မာငွေ ကျပ်သိန်း ၅၀ နဲ့ ရောင်းစားဖို့ စီစဉ်​နေကြချိန်မှာ စည်းရုံးခံခဲ့ရတဲ့ အမျိုးသမီးက တည်းခိုနေတဲ့ ဟိုတယ်က​နေ ထွက်ပြေးခဲ့ပြီး သူယ်ချင်းဖြစ်သူရဲ့ ကူညီမှုနဲ့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ။

တရုတ်နိုင်ငံသား ဇနီးမယားအဖြစ်​ ရောင်းချဖို့ စည်းရုံးခဲ့ကြတဲ့ ဇင်မောင်မောင် ဇာနည်မောင်မောင်၊ စည်သူ တို့ ၃ ဦးကို ဖမ်းမိခဲ့တာဖြစ်ပြီး နိုင်နိုင်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

သူတို့​လေးဦးကို ပြည်ကြီးတံခွန်မြို့နယ်​ မြို့မရဲစခန်းက (ပ)၂၅/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ - ၂၄/၃၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013