ထိုင်းကလေးများနေ့တွင် တိုက်လေယာဉ်များ မောင်းနှင်ပြသ (ရုပ်သံ)
DVB
·
January 12, 2019

ဇန်န၀ါ ၁၂ ရက်နေ့ ဒီနေ့ကျရောက်တဲ့ ထိုင်းနိုင်ငံရဲ့ ကလေးများနေ့ တိုက်လေယာဉ်တွေ မောင်းပြသခဲ့တယ်လို့ သိရပါတယ်။
ထိုင်းကလေးများနေ့ အခမ်းအနား၊ ပျော်ပွဲရွှင်ပွဲတွေကို နေရာအနှံ့အပြား ကျင်းပရာမှာ ထိုင်းအမျိုးသားလေတပ်က ကျင်းပတဲ့ ပွဲတွေမှာတော့ လေကြောင်းတိုက်ခိုက်ရေး လေယာဉ်တွေ၊ လ က်နက်ခဲ ယမ်းအမြှောက်တွေ ပြသထားတာက ထူးခြားမှုတခု ဖြစ်ပါတယ်။
ဘန်ကောက် ဒွန်းမောင်းလေဆိပ်မှာ AU - 23A / F-5 / F-6 နဲ့ နောက်ဆုံးပေါ် T-50TH အမျိုးအစားလေယာဉ်တွေပါ ပြသထားပြီး လေယာဉ်ပျံသန်းစဉ် အိတ်ဇောပေါက်ကနေ ရောင်စုံ မီးခိုးငွေ့တန်းတွေ မှုတ်ထုတ်ပြီး သက်တံ့ပုံ၊ ထိုင်းအလံပုံကိုပုံကို ဖော်ပြသွားပါတယ်။
ဒါ့အပြင် လေယာဉ်ပုံစံ အမျိုးမျိုးပါတဲ့ အရုပ်ဆေးရောင်စုံခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေ ဋိဖြေဆိုပွဲလည်း ကျင်းပခဲ့ပါတယ်။
ကလေးတွေအနေနဲ့ လေကြောင်းဆိုင်ရာ ဗဟုသုတအပြင် မိမိနိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုး တက်မှုကို သိရှိစေလိုတဲ့အတွက် အခုလို စီစဉ်ပြသရခြင်းဖြစ်ကြောင်း ထိုင်းလေကြောင်းတပ်က ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ချုပ်ကြီး ဖုန်းဆစ် ဆေမာချိုင်းက သတင်းထောက်တွေကိုပြောပါတယ်။
ချင်းမိုင်က အမှတ် ၄၁ လေတပ်စခန်းမှာလည်း လေကြောင်းတိုက်ခိုက်ရေး သရုပ်ပြခဲ့ပြီး ကလေးတွေအနေနဲ့ လေယာဉ်ပျံနဲ့ အမြှောက်တွေ၊ သေနတ်တွေ၊ ကျည်ဆန်တွေကို အနီးကပ်ကိုင်တွယ်ကြည့်ရှုခွင့်၊ လေယာဉ်မောင်းသူနေရာမှာ ခဏတာထိုင်ပြီး စတီယာရင်ကိုင်ခွင့် တွေရခဲ့ပါတယ်။