DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှု ယခင်နှစ်ထက် နည်းလာ
DVB
·
January 12, 2019
စစ်ကိုင်းတိုင်းအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှု ယခင်နှစ်ထက် နည်းလာ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုအနေနဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီကနေ ဒီဇင်ဘာကုန်အထိ တရားမဝင်သစ် ဖမ်းဆီးရမိမှုမှာ ၂၀၁၇ ခုနှစ်ကထက် နည်းလာတယ်လို့ တိုင်းသစ်တောဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

အရင်နှစ်က ကျွန်း၊ သစ်မာ သစ်တန်ပေါင်း ၁၁၀၀၀ ကျော်သာ ဖမ်းဆီးရမိခဲ့ပြီး ဒီနှစ်မှာတော့ ၁၀၆၆၈ တန်သာ ဖမ်းဆီးရမိခဲ့တာပါ။

ဒီနှစ် ဖမ်းဆီးရမိတဲ့အထဲမှာ တရားခံ ၁၁၀၆ ဦး၊ ယာဉ်မျိုးစုံ ၁၃၂၈ စီး၊ ချိန်းဆော ၁၁၀ လုံး၊ သစ်စက် ၂၄၃ ၊ တူမီးသေနတ် ၂ လက်တို့ကို ဖမ်းဆီးရမိခဲ့ကာ သစ်လုံးတန် ၄၇၀၀ တန်ကျော်၊ သစ်ခွဲသား ၅၈၄၁ တန် စုစုပေါင်း ၁၀၆၆၈ တန်ကျော်ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အများဆုံးက သစ်တော အဓိကကျန်နေသေးတဲ့ ကသာခရိုင်ဖြစ်ပြီး အနည်းဆုံးကတော့ စစ်ကိုင်းခရိုင်ဖြစ်ပါတယ်။

“အဓိကကတော့ ပြည်သူတွေပူးပေါင်းပါဝင်မှု အားကောင်းလာလို့ဖြစ်ပါတယ်။ ပြီးတော့ ဖမ်းဆီးရေးတွေကိုလည်း ခပ်စိပ်စိပ်လုပ်လာတာဖြစ်တဲ့အတွက် ပိုမိုဖမ်းဆီးရမိတာပါ။ ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ Community Base Monitoring Reporting System (CMRS) စနစ်ကို ကျင့်သုံးအကောင်အထည်ဖော်တဲ့အတွက်လည်းဖြစ်ပါတယ်။ အရင်နှစ်ထက် ထူးခြားတာက ဘုရားဖူးယာဉ်တွေကို အသုံးပြုပြီး သယ်ယူလာတာပါ” လို့ စစ်ကိုင်းတိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုး ဦးသန်းစိုးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက သစ်တွေကို သစ်မှောင်ခိုသမားတွေက ကုန်းလမ်း၊ ရေလမ်း ၂ မျိုးလုံးက သယ်ယူနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်က သစ်တွေကိုလည်း မြစ်ကြောင်းအတိုင်း စုံဆင်းလာတာတွေကနေ ဖမ်းမိတာရှိသလို မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ကဖက်ကနေ ထွက်လာလို့ ဖမ်းမိတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အခုနောက်ပိုင်းမှာ သစ်အလုံးလိုက် ခိုးထုတ်သယ်ယူတာထက် တောထဲတင် ဖြတ်တောက်ခွဲစိပ်ပြီး ဆိုင်ကယ်၊ အိမ်စီးကား၊ ထော်လာဂျီ၊ ဝါးဖောင်၊ စက်လှေ စတာတွေနဲ့ တပိုင်တနိုင်သယ်ယူလာတာက ပိုမိုများပြားလာနေတာဖြစ်ပါတယ်။

သစ်တောဦးစီးဌာနအနေနဲ့ တရားမဝင်သစ်တွေကို ထိထိရောက်ရောက်တားဆီးနိုင်ဖို့အတွက် ဝန်ထမ်းအင်အား၊ လုပ်ပိုင်ခွင့်၊ ငွေကြေးသုံးစွဲနိုင်မှု စတဲ့အခက်အခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရားမဝင်မော်တော်ယာဉ်တွေ၊ လွှစက်တွေ၊ ချိန်းဆောတွေ လွယ်လင့်တကူ ဝယ်ယူရရှိနေတာကလည်း တရားမဝင်သစ်တွေနဲ့ပတ်သက်ပြီး အခက်အခဲတွေအဖြစ် ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013