DVB Logo
Home
မြန်မာသတင်း
ဖယ်​ခုံအင်းအတွင်း ငါးဖမ်းခွင့်ပိတ်​ရက်​များ သတ်​မှတ်
DVB
·
January 12, 2019
ဖယ်​ခုံအင်းအတွင်း ငါးဖမ်းခွင့်ပိတ်​ရက်​များ သတ်​မှတ်
Donate to DVB

ရှမ်းပြည်​နယ်​​တောင်​ပိုင်း ဖယ်​ခုံမြို့နယ်​မှာရှိတဲ့ ဖယ်​ခုံအင်းအတွင်း ငါးဖမ်းခွင့် ပိတ်​ရက်​​တွေကို ဖယ်​ခုံအင်းထိန်းသိမ်း​ရေး ​ကော်​မတီက ​ဒေသန္တရစည်းကမ်းထုတ်​ပြီး သတ်​မှတ်​လိုက်​ပါတယ်​။

ဒီငါးဖမ်းခွင့် ပိတ်​ရက်​​တွေကို ၂၀၁၉ ခုနှစ်​အတွင်း လပြည့်၊ လကွယ်​​နေ့​တွေမှာ ပိတ်​ရက်​​အဖြစ်​ ၅၂ ရက်​ သတ်​မှတ်​ထားပါတယ်​။

ခုလိုပြုလုပ်​တာဟာ ငါးသယံဇာတ ပွားများ​ရေးနဲ့ ​ရေလုပ်​သား​တွေအတွက်​ ငါးများဖူလုံစွာ ရှာ​ဖွေနိုင်​​ရေးအတွက်​ ဖြစ်​တယ်​လို့ ဆိုပါတယ်​။

အင်းအတွင်း အဆိုပါ ပိတ်​ရက်​​တွေမှာ ငါးဖမ်းပိုက်​ချတာ​တွေ၊ ငါးမျှားတာ​တွေနဲ့ အခြားဘယ်​ငါးဖမ်းနည်းနဲ့မဆို ငါးဖမ်းခွင့်ပြုမှာ မဟုတ်​ဘူးလို့ ဆိုပါတယ်​။

ဖယ်​ခုံအင်းထိန်းသိမ်း​ရေးအဖွဲ့က အဲဒီတားမြစ်​ထားတဲ့ ရက်​​တွေမှာ လုံခြုံ​ရေး ကင်းလှည့်​မှာဖြစ်​ပြီး စည်းကမ်းလိုက်​နာမှုမရှိတဲ့သူ​တွေကို ရှမ်းပြည်​နယ်​ ​ရေချိုငါးလုပ်​ငန်း ဥပ​ဒေပုဒ်​မ ၃၆ အ​ရ (သို့) အင်းထိန်းသိမ်း​ရေး​ကော်​မတီရဲ့ စည်းကမ်းအရ ထိ​ရောက်​စွာ အ​ရေးယူသွားမယ်​လို့ ထုတ်​ပြန်​ထားတာပါ။

ဖယ်​ခုံအင်းထိန်းသိမ်း​ရေး​ကော်​မတီကို ၂၀၁၆ ခုနှစ်​ သြဂုတ်​လမှာ စတင်​ဖွဲ့စည်းခဲ့တာဖြစ်​ပြီး အင်​အတွင်း ငါးထိန်းသိမ်း​ရေး၊ အင်းသန့်​ရှင်း​ရေးနဲ့ ငါးသယံဇာတ တိုးပွား​ရေး စတဲ့ လုပ်​ငန်း​တွေကို စတင်​လုပ်​​ဆောင်​ခဲ့တာဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013