DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၈၅ သန်းကျော်ခွင့်ပြု
DVB
·
January 12, 2019
ရန်ကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၈၅ သန်းကျော်ခွင့်ပြု
Donate to DVB

ရန်ကုန်တိုင်းအတွင်းမှာ ၂၀၁၇ ခုနှစ်ကနေ  ၂၀၁၉ ဇန်န၀ါရီလအထိ အမေရိကန်ဒေါ်လာ ၁၈၅ သန်းကျော်နဲ့ ကျပ်သန်းပေါင်း ၅၅၀၀၀ လောက် ရင်းနှီးမြှုပ်နှံခွင့် ပြုခဲ့တယ်လို့ တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီက  ထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၉ ရက်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်း မတည်ရင်းနှီးမယ့် နိုင်ငံခြားလုပ်ငန်း ၃ ခုကို အတည်ပြုပေးခဲ့ပါတယ်။

၂၀၁၇ သြဂုတ်လကနေ ၂၀၁၈ မတ်လအထိ စက်မှု၊ ဟိုတယ်နဲ့ တခြားဝန်ဆောင်မှု ကဏ္ဍတွေအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၉ ခုနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၉ ခုကို ခွင့်ပြုပေးခဲ့ပါတယ်။ မတည်ရင်းနှီးငွေကတော့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၅၆ သန်းနဲ့ ကျပ်သန်းပေါင်း ၂၃၀၆၀ ကျော် ဖြစ်ပါတယ်။

၂၀၁၈ ဧပြီကနေ စက်တင်ဘာလကုန်အထိမှာတော့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၃၄ ခုအတွက် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၅၂၆ နဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၀ ခုအတွက် မတည်ရင်းနှီးငွေ ကျပ်သန်းပေါင်း ၂၁၂၆၀ ကျော်ကို ခွင့်ပြုပေးခဲ့ပါတယ်။

ဒီကာလမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်တာက စက်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆၆ သန်း ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာကနေ ၂၀၁၉  ဇန်နဝါရီ ၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၃ ခုအတွက် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၂၀၄ နဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၆ ခုအတွက် မတည်ရင်းနှီးငွေ ကျပ်သန်းပေါင်း ၁၀၃၈၀ ကျော်ကို ခွင့်ပြုပေးခဲ့ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက စက်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၆၀ သန်းတိုးလာပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှုက စက်မှုကဏ္ဍမှာ ကျပ်သန်းပေါင်း ၄၇၉ ကျော် လျော့ကျသွားတယ်လို့ ဆိုပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုတွေကြောင့် လူပေါင်း ၆၆၀၀၀ ကျော်အတွက် အလုပ်အကိုင်တွေ ဖန်တီး ပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လာရောက်ရင်းနှီးမြှုပ်နှံခဲ့တဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်၊ မလေးရှား၊ ဆေးရှယ်လ်၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ British Virgin Islands နိုင်ငံတို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013