DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 11, 2019
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၉၄၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၈၀၀၀ ကနေ ၆၉၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း) တအိတ်ကို ၆၉၉၀၀ ပေါက်ဈေးရှိပြီး ၃၂၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း) တအိတ်ကို ၆၇၅၀၀  ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် ၂၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိသာဝင် တအိတ်ကို ၁၅၇၀၀၀ ကနေ ၁၆၆၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူတအိတ်ကို  ၁၅၀၀၀၀ ကနေ ၁၆၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၄၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်စမုံ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံ တအိတ်ကို ၂၁၅၀၀၀ ကနေ ၂၃၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၇၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ၂၁၅၀၀၀ ကနေ ၂၂၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၈၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

မြေပဲလုံးဆံနီ

အောင်လံကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီ တပိသာကို ၂၈၅၀ ကနေ ၂၉၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီ တပိသာကို ၃၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံနဲ့ မုံရွာကုန်စည်ဒိုင် ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၂၀၀ ကနေ ၇၇၈ အထိ ပေါက်ဈေးရှိပြီး ၁၂၂ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီ တပိသာကို ၂၅၀ ကနေ ၈၅၀ အထိ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် ၇၂ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ကြက်သွန်နီကတော့ ဒီတပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ နယ်စုံကနေ ကြက်သွန်နီအသစ်တွေ ဆက်တိုက် ဝင်ရောက်လာခဲ့ပြီးတော့ အရည်အသွေး သိပ်မကောင်းတဲ့အတွက် ဈေးက ကျဆင်းနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကြက်သွန်နီဈေးက ကျဆင်းနေပေမယ့် အရောင်းအဝယ်ကတော့ ကောင်းနေတယ်လို့ သိရပါတယ်။

နောက်သီးနှံတခုကတော့ မတ်ပဲပဲ ဖြစ်ပါတယ်။ မတ်ပဲက ဒီတပတ်မှာ တတန်ကို ငွေကျပ် ၄၅၀၀၀ အထိ ဈေးကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယဝယ်ယူမှု လျော့နည်းသွားတဲ့အတွက် ဈေးက ကျဆင်းသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူ ဈေးကျဆင်းသွားခဲ့ပါတယ်။ တပတ်အတွင်း အတက်အကျ အပြောင်းအလဲများခဲ့ပြီး အသစ်တွေကလည်း ဆက်တိုက်ထွက်ရှိနေခဲ့ပါတယ်။ လက်ရှိမှာ ပဲစင်းငုံနီက ဈေးကျဆင်းနေပေမယ့် မတ်ပဲနဲ့ယှဉ်ရင် ဈေးအနည်းငယ် ပိုရနေတာကိုလည်း တွေ့ရပါတယ်။ ပဲစင်းငုံနီကတော့ တပတ်အတွင်း တတန်ကို ငွေကျပ် ၄၆၀၀၀ အထိ ဈေးကျဆင်းသွားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013