DVB Logo
Home
မြန်မာသတင်း
ကန်သမ္မတနှင့် မယ်စကြာဝဠာမြန်မာအလှမယ် သျှားထွဋ် အိန္ဒြာ တို့တွဲရိုက်ထားသည့် ဓာတ်ပုံများ
DVB
·
January 11, 2019
ကန်သမ္မတနှင့် မယ်စကြာဝဠာမြန်မာအလှမယ် သျှားထွဋ် အိန္ဒြာ တို့တွဲရိုက်ထားသည့် ဓာတ်ပုံများ
1 / 4
Donate to DVB

မယ်စကြာဝဠာအလှမယ် သျှားထွဋ်အိန္ဒြာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်နဲ့ အမှတ်တရ တွဲရိုက်ကူးထားတဲ့ အလှဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ်။
ဒီပုံတွေကိုတော့ အမေရိကန်နိုင်ငံရဲ့ နာမည်ကျော် မိုင်ယာမီကမ်းခြေမြို့မှာ ရိုက်ကူး ထားခဲ့တာဖြစ်ပြီး သူတို့ ၂ ဦးလုံးဟာ ပြုံးပြုံးရွှင်ရွှင်နဲ့ ရှိနေခဲ့ကြတာကို ဓာတ်ပုံတွေထဲမှာ တွေ့ကြ ရမှာပါ။
အလှမယ် သျှားထွဋ်အိန္ဒြာကတော့ အနီရောင် ၀တ်စုံနဲ့အတူ မြန်မာနိုင်ငံကိုယ်စား ပြုစလွယ်ကို ၀တ်ဆင်ထားခဲ့ပြီး ဒေါ်နယ်ထရမ့်ကတော့ အဖြူရောင်ဝတ်စုံနဲ့ အနီရောင် ဦးထုပ်ကို ဆောင်းထားခဲ့တာပါ။
ဓာတ်ပုံတွေရဲ့ အညွှန်းမှာတော့ အလှမယ်က “အိုင့်ကို အထင်မသေးပါနဲ့လို့ အိုင် မပြောခဲ့ဘူးလား 🤩 Throwback with Mr.Donald Trump at Doral,Miami #2014 #MissUniverse #MissUniverseMyanmar” လို့ ရေးထားခဲ့ပြီး ပရိသတ်တွေအတွက် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် သျှားထွဋ်အိန္ဒြာဟာ ၂၀၁၄ ခုနှစ်ရဲ့ မြန်မာနိုင်ငံကိုယ်စား ပြု မယ်စကြာဝဠာအလှမယ်တဦးဖြစ်ကာ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ မယ်စကြာဝ ဠာပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့သူတဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013