မောင်တောတွင် ရွာသား ၁ ဦး ဆင်ရိုင်းအနင်းခံရပြီး သေဆုံး
DVB
·
January 11, 2019

မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ ၄ လိပ်ရအုပ်စုမှာ ဇန်နဝါရီ ၁၀ ရက်ညက ကျောက်ချောင်းကျေးရွာသားတဦး ဆင်ရိုင်းနှင်းသတ်ခံပြီး သေဆုံးသွားကြောင်း ကျောက်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ရေဇာဝါအိစ္စလာမ်က ပြောပါတယ်။
“ညအချိန်ပါ အိမ်ကထွက်ပြီး အပေါ့သွားနေတဲ့အချိန်မှာ ဆင်ရိုင်းက နင်းသတ်လိုက်တာပါ။ သေသွားသူက ကျောက်ချောင်းကျေးရွာမှာ နေတဲ့ ရှောင်းရှူးအာလောင် ဖြစ်ပါတယ်။ ၀ဲဘက်မျက်လုံးပွန်းပဲကာ ၀မ်းဗိုက်ပွန်းပဲ့ပြီး ဒူအောက်ပိုင်းအရိုးကြေမွကျိုးသွားပါတယ်။ ဆင်က နှာမောင်းနဲ့လိမ်ပြီး ရိုက်သတ်လိုက်တာဖြစ်နိုင်ပါတယ်။ သေဆုံးသူ အလောင်းကိုတော့ မောင်တောဆေးရုံကို ပို့ဆောင်ထားပါတယ်” လို့ ပြောပါတယ်။
ကျောက်ချောင်းကျေးရွာမှာ အရင်က အိမ်ခြေ ၁၀၀ ကျော်ရှိပေမယ့် အခု ၁၁ အိမ်ပဲရှိပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း မီးတိုက်ချောင်းဝရဲကင်းစခန်းနဲ့ ကွမ်းသီးပင်ချောင်းဝ ရဲကင်းစခန်ကြား စခန်းအနီးကို ရောက်ရှိလာတဲ့ တောဆင်ရိုင်းအုပ်မှ တောဆင်ရိုင်းသုံးကောင်ဟာ ရဲကင်းစခန်း ခြံစည်းရိုးတံခါးကိုဖျက်ဆီးပြီး ၀င်ရောက်သောင်းကျန်း အန္တရာယ်ပြုလာတဲ့အတွက် ခြောက်လှန်ပစ်ခတ်ခဲ့ရာ တောဆင်ရိုင်းရဲ့ ဦးခေါင်း သေနတ်ထိမှန်ဒဏ်ရာရှိပြီး သေဆုံးသွားခဲ့ပါတယ်။