DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တွင် မြန်မာနိုင်ငံသား ၁ ဦးထံမှ အိုက်စ်မူးယစ်ဆေး ၃၀၀ ကီလိုဂရမ် ဖမ်းမိ
DVB
·
January 10, 2019
မယ်ဆိုင်တွင် မြန်မာနိုင်ငံသား ၁ ဦးထံမှ အိုက်စ်မူးယစ်ဆေး ၃၀၀ ကီလိုဂရမ် ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ မနေ့ညက မြန်မာနိုင်ငံသား ၁ ဦး မောင်းနှင်လာတဲ့ ကားတစီးပေါ်ကနေ အိုက်စ်မူးယစ်ဆေး အလေးချိန်စုစုပေါင်း ၃၀၀ ကီလိုဂရမ်လောက် ဖမ်းဆီးရမိတယ်လို့  ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ မူးယစ်ဆေးဝါးသယ်ဆောင်မှုရှိမယ့်အကြောင်း ကြိုတင်သတင်းရထား ချက်အရ အမှတ် ၃ ခြေမြန်တပ်နဲ့  မြို့မတပ်တို့ ပူးပေါင်းပြီး နယ်မြေတွင်း စစ်ဆေးစောင့်ကြပ်နေ ရာမှာ ဘန့်ယန်း ချုမ်းရပ်ကွက် ၆ ထဲမှာ အနက်ရောင်ဟိုင်းလပ်စ်ကားတစ်စီး ၀င်လာတာတွေ့ ရကြောင်း၊ ဒါပေမယ့် အဆိုပါကားဟာ တာဝန်ရှိသူတွေကို တွေ့တော့ ကားခေါင်းကို ပြန်လှည့်ပြီး အမြန်မောင်းထွက်ခဲ့ကြောင်း၊ ခဏအကြာ မတော်တဆဖြစ်ပြီး တိမ်းမှောက်သွားခဲ့တယ်လို့  စစ်တပ်တာဝန်ရှိသူတဦးက ပြောပါတယ်။

တိမ်းမှောက်တဲ့ကားကို သွားရောက်စစ်ဆေးရာမှာ ယာဉ်မောင်းသူမှာ စိုင်းဆမ် အမည်ရှိ မြန်မာနိုင်ငံသား ရှမ်းအမျိုးသားတဦးဖြစ်ပြီး သူ့ကားပေါ်မှာတော့ စည်းနှောင်ထားတဲ့ အိုက်စ်မူး ယစ်ဆေးထုတ်တွေ တွေ့ရကြောင်း၊ အလေးချိန်စုစုပေါင်း ၃၀၀ ကီလိုဂရမ်လောက်ရှိပြီး တန်ဖိုး ဘတ်သန်းပေါင်း ၃၀ ရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုပါတယ်။

နောက်ထပ် အသေးစိတ်အချက်အလက်တွေ စုစည်းပြီး မကြာခင်အချိန်တွင်း သတင်းစာရှင်းလင်းသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013