DVB Logo
Home
မြန်မာသတင်း
မကွေး-မင်းဘူး ဧရာဝတီမြစ်လယ်တွင် ကျွန်းမကြီးကဗျာရွတ်ပွဲ ကျင်းပ
DVB
·
January 10, 2019
မကွေး-မင်းဘူး ဧရာဝတီမြစ်လယ်တွင် ကျွန်းမကြီးကဗျာရွတ်ပွဲ ကျင်းပ
1 / 3
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ ၂၇ ကြိမ်မြောက် ကျွန်းမကြီးကဗျာရွတ်ပွဲကို ဒီနေ့ မနက်က  မကွေး-မင်းဘူး ဧရာဝတီမြစ်လယ်ရှိ ကျွန်းမကြီးမှာ ကျင်းပပါတယ်။

ကဗျာရွတ်ပွဲကို မြန်မာပြည်အနှံ့က ကဗျာဆရာတွေ အပါအ၀င်ကဗျာချစ်သူပေါင်း ၂၀၀  လောက် တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် မကွေးတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တောင်တွင်းလွှတ်တော်အမတ် ဦးဇော်မင်းထွန်း၊ စလင်းအမတ် ကိုသက်ခိုင်၊  မင်းဘူးအမတ် ကိုကျော်စွမ်းရည်နဲ့ တိုင်းအလုပ်အမှုဆောင် ကဗျာဆရာတွေဖြစ်တဲ့ ကိုသန်းနိုင်၊ တောင်တွင်းနဲ့ နတ်မောက်မြို့က ဆရာဂျိုးတို့လည်း ကဗျာရွတ်ဆိုခဲ့ပါတယ်။

ကျွန်းမကြီးကဗျာရွတ်ပွဲဟာ  တနိုင်ငံလုံးမှာရှိတဲ့ ကဗျာဆရာတွေ လာရောက်ကြတာ  ဖြစ်လို့ မြန်မာပြည်ရဲ့ ကဗျာညီလာခံလို ဖြစ်နေတယ်လို့ ကဗျာဆရာတွေက  ပြောပါတယ်။

ကျွန်းမကြီးကဗျာရွတ်ပွဲကို ၁၉၉၁ခုနှစ် ဇန်နဝါရီ ၁၀ရက်က စတင်ကျင်းပခဲ့ပြီး ၁၉၉၈ခုနှစ် ၂၀၁၀ခုနှစ်အထိ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရပါတယ်။

မကွေးမြို့၊ ဧရာဝတီတံတား မြောက်ဘက် ဧရာဝတီမြစ်ရဲ့ အလယ်ကျွန်းပေါ်မှာ နှစ်စဉ်ကျင်းခဲ့တဲ့ 'ကျွန်းမကြီးကဗျာရွတ်ပွဲ'  ငွေရတုမြောက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှာ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013