DVB Logo
Home
မြန်မာသတင်း
အုတ်ကျင်းဂုန်နီအိတ်စက်ရုံအလုပ်သမားများ လုပ်ငန်းခွင် ပြန်ဝင်ခွင့်ရရေးတောင်းဆို
DVB
·
January 10, 2019
အုတ်ကျင်းဂုန်နီအိတ်စက်ရုံအလုပ်သမားများ လုပ်ငန်းခွင် ပြန်ဝင်ခွင့်ရရေးတောင်းဆို
1 / 3
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာရှိတဲ့ အုတ်ကျင်း ဂုန်နီအိတ်စက်ရုံဟာ အရှုံးပေါ်တယ်ဆိုပြီး  ပိတ်သိမ်းလိုက်လို့ အလုပ်သမား ၃၀၀ ကျော်ဟာ စက်ရုံရှေ့မှာ လုပ်ငန်းခွင်ပြန်ဝင်ခွင့်ရဖို့အတွက် စုဝေး နေပါတယ်။

ဘုရင့်နောင်လမ်းမပေါ် အုတ်ကျင်းမှတ်တိုင်အနီးမှာရှိတဲ့ ကျော်ထက်ကျော်ကုမ္ပဏီပိုင် အုတ်ကျင်း ဂုန်နီအိတ်စက်ရုံက အလုပ်သမား ၃၀၀ ကျော်ရဲ့ဆန္ဒမပါဘဲ စက်ရုံပိတ်ထားတာကြောင့် စက်ရုံရှေ့မှာ ဒီမနက်ပိုင်းကတည်းက စုဝေးနေကြတာပါ။

အဆိုပါဂုန်နီအိတ်စက်ရုံကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်က ပုဂ္ဂလိကကုမ္ပဏီကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။  ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာတော့ စက်ရုံပိတ်သိမ်းကြောင်း အသိပေးကြော်ငြာစာတွေ ကပ်ခဲ့ပါတယ်။

စက်ရုံဝန်ထမ်းတွေကို ကုမ္ပဏီဘက်က နစ်နာကြေး ၆ လစာ ပေးခဲ့ပေမယ့် အလုပ်သမားတွေဘက်ကတော့ နစ်နာကြေးကို မယူဘဲ လုပ်ငန်းခွင်တည်မြဲဖို့ပဲ လိုချင်တယ်လို့  အလုပ်သမားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝင်းမြင့်က ဒီဗွီဘီကိုပြောပါတယ်။

စက်ရုံရှေ့မှာ စုဝေးနေတဲ့ အလုပ်သမားတွေအနေနဲ့ ဆန္ဒပြနေတာမဟုတ်ဘဲ အလုပ်လာ ဆင်းတာလို့ အလုပ်သမားတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လကလည်း လုပ်ငန်းခွင်ရပ်ဆိုင်းလိုက်လို့ အလုပ်သမားတွေနဲ့ အငြင်းပွားခဲ့ပြီး အခုတကြိမ်က ဒုတိယအကြိမ် ထပ်မံဖြစ်ပွားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013