DVB Logo
Home
မြန်မာသတင်း
YBS ယာဉ်လိုင်းများ ကတ်ဖြင့်ငွေပေးသည့်စနစ် စမ်းသပ်သွားမည်
DVB
·
January 10, 2019
YBS ယာဉ်လိုင်းများ ကတ်ဖြင့်ငွေပေးသည့်စနစ် စမ်းသပ်သွားမည်
Donate to DVB

YBS ယာဉ်လိုင်းတွေမှာ ကတ်နဲ့ငွေပေးချေတဲ့စနစ်ကို အများပြည်သူ အသုံးပြုဖို့ ၆ လလောက် အချိန်လိုသေးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

ကတ်နဲ့ငွေပေးချေတဲ့ စနစ်ကို YBS ၂ နှစ်ပြည်တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့မှာ စတင် စမ်းသပ်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ဇန်နဝါရီ ၈ ရက်နေ့က တိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

“ကတ်နဲ့ငွေပေးချေတဲ့ စနစ်ကို မြို့တွင်းသီးသန့်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေမှာ စမ်းသပ်မှာပါ။ စမ်းသပ်မှုကာလ ပြီးစီးသွားရင် YBS ယာဉ်လိုင်းတွေထဲက ကားစီးရေ ၄၀၀၀ ကို အချိန် ၉ လလောက်ယူပြီး ဆက်လက်တပ်ဆင်သွားမယ်” လို့ ဝန်ကြီးက ဆိုပါတယ်။

အဲဒီနောက် စီးနင်းတဲ့ ကတ် ၂ သန်းကို ထုတ်လုပ်ပြီး အများပြည်သူ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “အခုက စမ်းသပ်မှာပါ။ သုံးတဲ့အဆင့် မဟုတ်သေးဘူး။ အများပြည်သူ သုံးဖို့က ၆ လ၊ ၇ လ လောက်လိုသေးတယ်။ ပြည်ပက စက်တွေ မှာထားတွေရှိသေးတယ်” လို့   ပြောပါတယ်။

YBS ယာဉ်လိုင်းတွေမှာ ကတ်နဲ့ ငွေပေးချေတဲ့စနစ် အကောင်အထည်ဖော်ဖို့ Asia Starmar ကုမ္ပဏီက တင်ဒါအောင်မြင်ထားပါတယ်။

YRTA လက်အောင်မှာ YBS ယာဉ်လိုင်း ၁၀၀ ဝန်းကျင်ကို ကုမ္ပဏီ ၁၇ ခုက ယာဉ်စီးရေ ၆၀၀၀ ဝန်းကျင်နဲ့ ပြေးဆွဲနေပါတယ်။

မထသ ကနေ ပြောင်းလဲထားတဲ့ YBS ဟာ လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့ဆိုရင် ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။.

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013