
နာမည်ကြီး ရုပ်သံအစီအစဉ်တခုဖြစ်တဲ့ MasterChef Myanmar ပြိုင်ပွဲမှ ဒိုင်လူ ကြီးတဦးဖြစ်တဲ့ ပြင်သစ်နိုင်ငံသား Michel Louis Meca ဟာ ဇန်န၀ါရီ ၉ ရက်နေ့က ပြင်သစ်နိုင်ငံမှာ ရုတ်တရက် နှလုံးရပ်ကွယ်လွန်သွားခဲ့ပါတယ်။
ဒီသတင်းကိုတော့ MasterChef Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှ တဆင့် ပရိသတ်ကို အသိပေးထားခဲ့တာဖြစ်ပြီး ကျန်ရစ်သူမိသားစုနဲ့ထပ်တူ အဖွဲ့သားတွေအနေနဲ့ ထပ်တူဝမ်းနည်းရကြောင်း ရေးသားထားခဲ့တာ ဖြစ်ပါတယ်။
MasterChef Myanmar အစီအစဉ်ရဲ့ တင်ဆက်သူတဦးဖြစ်တဲ့ ကောင်းထက် ဇော်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ခုလိုရေး သားဖော်ပြခဲ့တာပါ။
“MasterChef Myanmar ရဲ့ဒိုင်လူကြီးတဦးဖြစ်ပြီး စိတ်ထားဖြူသော ကမ္ဘာ့အဆင့်မီ စာဖိုမှူး Chef Michel Louis Meca ယနေ့နေ့လယ် ပြင်သစ်နိုင်ငံတွင် ရုတ်တရက်နှလုံးရပ် ကွယ်လွန်သည်။ I got the information from French Doctor Olivier.He is currently working at Parami hospital”
Michel Louis Meca ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာကတော့ ကျန်ရစ်သူ တွေအတွက် အောက်မေ့ဖွယ် စာမျက်နှာတခုအနေနဲ့ ပြောင်းလဲသွားခဲ့ပြီဖြစ်ကာ ဆွေမျိုး သားချင်းတွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ ပရိသတ်တွေက ၀မ်းနည်းကြေကွဲရကြောင်း မှတ်ချက်တွေ ၀င်ရောက်ရေးသားနေခဲ့ကြတာ ဖြစ်ပါတယ်။
MasterChef Myanmar ပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာတော့ ပထမဆုံး ကျင်းပတဲ့ ပြိုင်ပွဲတခု လည်းဖြစ်ကာ ပြိုင်ပွဲပြီးဆုံးတော့မယ့် အချိန်ကလည်း နီးကပ်လာပြီမို့ ပရိသတ်တွေကြားမှာ စိတ် ၀င်စားမှု မြင့်တက်နေတဲ့ အစီအစဉ်တခုလည်း ဖြစ်ပါတယ်။











