DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ ၅ သန်းခန့် တိုးလာနိုင်
DVB
·
January 10, 2019
၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ ၅ သန်းခန့် တိုးလာနိုင်
Donate to DVB

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်သူအရေအတွက်ဟာ ၂၀၁၅ ရွေးကောက်ပွဲထက် လူ ၅ သန်းလောက် ပိုလာနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောပါတယ်။

နေပြည်တော်မှာ ဇန်န၀ါရီ ၉ရက်ကပြုလုပ်ခဲ့တဲ့ မဲစာရင်းပြုစုခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားအပြီးမှာ သတင်းထောက်တွေကိုပြောခဲ့တာ ဖြစ်ပါတယ်။

“၂၀၁၅ ကနေ ၂၀၂၀ လောက်အထိဆိုရင် လူဦးရေ ငါးသန်းလောက်၊ ခန့်မှန်းချက်ကတော့ ငါးသန်းလောက် ရှိမယ်လို့ ခန့်မှန်းတယ်။ အဲ့ဒါတွေကတော့ တနိုင်ငံလုံးနဲ့ခြုံ လိုက်တာပေါ့နော်၊ မြို့ပေါ်မှာလည်း ၁၈ နှစ်ပြည့်ထားသူ များနိုင်တာပေါ့။ ကျေးလက်လည်း များနိုင်တာပေါ့။ ၂၀၁၅တုန်းက ၁၃ နှစ်ပဲ ရှိသေးတဲ့သူတွေ ၊ ဒီထဲမှာအကုန်လုံး ၁၈နှစ် ပါလာတော့မှာပေါ့။”

မဲစာရင်းပြုစုခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း က ၂၀၁၉ ခုနှစ်ကို မဲစာရင်း ပြုစုခြင်းနှစ်အဖြစ်သတ်မှတ်ပြီး အလေးထား ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“မဲစာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးက ရွေးကောက်ပွဲတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး မဲစာရင်းပြုစုခြင်းလမ်းညွှန်စာအုပ် ပြုစုရေးဆွဲ နိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။ ဒါမှပဲ မဲစာရင်းပြုစုခြင်းလုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ တပြေးညီဖြစ်မယ်။ နောင်ရွေးကောက်ပွဲတွေအတွက်လည်း မူသေစနစ်နဲ့ ပြုစုနိုင်မယ်၊ ၂ဝ၁၉ ခုနှစ်ကို မဲစာရင်း ပြုစုခြင်းနှစ်အဖြစ် သတ်မှတ်ပြီး အလေးထား ဆောင်ရွက်သွားမယ်။”

သင်တန်းမှာ မဲဆန္ဒရှင်စာရင်း ပြုစုရမယ့်ပုံစံတွေ၊ ကောက်ယူရမယ့် အချက်အလက်တွေနဲ့ Excel နဲ့ စာရင်းရေးသွင်းတာတွေ့ကို သင်ကြားပေးမှာဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက သင်တန်းသား၊ သင်တန်းသူ ၁၄၇ ဦး တက်ရောက်နေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013