DVB Logo
Home
မြန်မာသတင်း
ကိုရီးယားရောက် ဆယ်ကျော်သက် ကရင်တိုင်းရင်းသူလေး၏သီချင်း လူကြိုက်များနေ (ရုပ်သံ)
DVB
·
January 10, 2019
ကိုရီးယားရောက် ဆယ်ကျော်သက် ကရင်တိုင်းရင်းသူလေး၏သီချင်း လူကြိုက်များနေ (ရုပ်သံ)
Donate to DVB

    “အိမ်လေးတလုံး လိုချင်တယ်… အရမ်းလှပဖို့လည်း မလိုဘူး… ငါနာကျင်ခံစားရချိန်ဆို… အနားယူနိုင်ရုံလေးပါ… အိမ်လေးတလုံး လိုချင်တယ်… တခမ်းတနားကြီးရှိဖို့ မလိုဘူး… ငါမောပန်းနေရတဲ့ အချိန်ဆို… အနားယူနိုင်ရုံလေးပါ”

    ဒါကတော့ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့တဲ့ ကိုရီးယား နိုင်ငံရောက် ဆယ်ကျော်သက် ကရင်တိုင်းရင်းသူလေး Naw Martha Htoowah ရဲ့ အိမ်လေးတစ်လုံး လိုချင်တယ်အမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။

    ဒီသီချင်းကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်ကနေတဆင့် ဇန် န၀ါရီလ ၅ ရက်နေ့ကတည်းက မျှဝေထားခဲ့တာဖြစ်ပြီး ၅ ရက်အတွင်း ၀င်ရောက်ကြည့် ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းကျော်ရှိနေခဲ့တာပါ။

    “အိမ်မလိုတဲ့သူများ ဘယ်သူရှိမလဲကွာ… နွေးထွေးမှုတွေပေးတဲ့ အိမ်ကလေးထဲ မှာ မနေချင်ကြပါဘူး… မလိုချင်တော့ပါဘူး… ဘယ်သူရှိမလဲ… ငိုနေတဲ့အချိန် အဖော်ပြုပေးမယ့် အိမ်မျိုး… ကြောက်ရွံ့တဲ့အချိန် ကွယ်ကာပေးမယ့် အိမ်မျိုး… ညနေခင်းတိုင်းအတွက် သက်တောင့်သက်သာရှိရင်ပဲ ကျေနပ်ပါတယ်”

    ဒီသီချင်းကိုတော့ တေးရေး Saw Sar Ae Saree က ရေးစပ်ပေးထားပြီး ကရုဏာ သံပြည့်ဝတဲ့ အသံနဲ့ သီဆိုထားခဲ့တာဟာ ပရိသတ်ရဲ့ ရင်ထဲကို ထိရှစေခဲ့ပြီး နာမည်ကြီး နေခဲ့တာ ဖြစ်ပါတယ်။

    “အိမ်လေးတလုံး မရှိပေမယ့်… လူလားမြောက်ခဲ့ပြီပဲ… ဘယ်သူတဦးတယောက် ရဲ့ အပေါ်ကို… အပြစ်မတင်ချင်ပါဘူးကွယ်… ဒီနှလုံးသား ဖြူစင်နေသရွေ့တော့… တ ယောက်ယောက်တော့သတိထားမိမှာပေါ့… ငါရှာဖွေနေမိတဲ့ အိမ်လေး… တနေ့နေ့ တော့ ပြန်တွေ့မယ်”

    ကိုရီးယားနိုင်ငံရဲ့ နေထိုင်မှုပုံရိပ်တွေ၊ လှုပ်ရှားသွားလာမှုပုံရိပ်တွေနဲ့အတူ Naw Martha Htoowah ရဲ့ ချစ်စဖွယ် ဟန်ပန်တွေနဲ့ သရုပ်ဖော်ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်သံဗွီ ဒီယိုဖိုင်ထဲမှာတော့ အိမ်ကလေးတလုံး ပိုင်ဆိုင်ချင်တဲ့ အကြောင်း၊ စိတ်ပင်ပန်းစရာတွေ ကြုံတွေ့လာရတဲ့အချိန်မှာ နားခိုစရာနေရာလေးတခုကို လိုအပ်တဲ့ အကြောင်းတွေကို ခံစားနားဆင်ကြည့်ရှုကြရမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013