DVB Logo
Home
မြန်မာသတင်း
မြေစာရင်း မြို့နယ်ဦးစီးမှူးအပါအ၀င် ၄ ဦးကို အဂတိလိုက်စားမှုဖြင့်အရေးယူ
DVB
·
January 10, 2019
Donate to DVB

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက မြို့နယ်ဦးစီးမှူး တဦး အပါအ၀င် လေးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ ကော်မရှင်က ကြေညာပါတယ်။

ဂွမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်းနဲ့ မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းတို့ကို အမှုဖွင့်လိုက်တာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စု၊ ကမ်းသာယာကျေးရွာရှိ ကွင်းအမှတ် ၂၈၆၊ သာခွေးချိုင်ကွင်း ဦးပိုင်အမှတ်(N-3)၊ လုပ်ပိုင်ခွင့်ဧရိယာ ၁.၈၀ ဧကကို တိုင်းတာရောင်းချရာမှာ ၂.၄၃ဧကအထိ တိုင်းတာပေးပြီး ပိုလျှံတဲ့ ၀.၆၃ ဧကအတွက် ကြားပွဲစားကတဆင့် လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်နဲ့ မြေတိုင်း(၄) ဦးကျော်နိုင်ထွန်းတို့ကို  ငွေကျပ် သိန်း၆၃၀ ပေးခဲ့ရတဲ့အပေါ် အရေးယူပေးဖို့ တိုင်ကြားစာကို ပြည်သူ့လွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ လွှဲပြောင်း ပေးပို့ခဲ့တဲ့ အမှုဖြစ်ပါတယ်။

ဒီတိုင်ကြားစာကို ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့ခြင်း မရှိတဲ့အပြင် မြေစာရင်း ပုံစံ (၁၀၅) ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) တို့ကို အသစ်ထုတ်ပေးဖို့ မြေကွက်ပိုင်ရှင်တွေထံကနေ  စုစုပေါင်းငွေကျပ် ၆၃၀ သိန်းကို သုံးကြိမ်ခွဲပြီး တောင်းခံရယူ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးမောင်မောင်လွင်နဲ့ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆နဲ့ အရေးယူထားပြီး မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်းကိုတော့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃နဲ့  ဂွမြို့မရဲစခန်းမှာ ဇန်န၀ါရီ ၈ရက်က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013