DVB Logo
Home
Lead Story
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
January 10, 2019
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
Donate to DVB

ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိ ၀ုဒ် Sci-Fi Crime Thriller အမျိုးအစား ရုပ်ရှင်ပရိသတ်တွေအကြိုက် Replicas !
ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jeffrey Nachmanoff က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဟောလိဝုဒ်နာ မည်ကြီး သရုပ်ဆောင်မင်းသား Keanu Reeves က ခေါင်းဆောင်ပါဝင်ထားတာ ဖြစ်ပါ တယ်။ သူက ဒီကားထဲမှာ ဆေးသိပ္ပံကုမ္ပဏီတခုက အာရုံကြောဆိုင်ရာ သုတေသနပ ညာရှင် William Foster အဖြစ် ပါဝင်ထားခဲ့ပါတယ်။ သူအလုပ်လုပ်လုပ်တဲ့ ကုမ္ပဏီ ဟာ သေဆုံးသွားသူတွေရဲ့ ခန္ဓာကိုယ်ထဲက မှတ်ဥာဏ်တွေကို ထုတ်ယူပြီး စက်ရုပ်တွေ ထဲမှာ ထည့်ပြီးအသက်သွင်းမယ့် အစီအစဉ်ကို လုပ်ဆောင်နေတာပါ။ ဒီအစီအစဉ်မှာ တော့ William Foster က အရေးအပါဆုံး ပညာရှင်တယောက်ဖြစ်နေပါတယ်။ တနေ့ မှာတော့ မိသားစုအားလပ်ရက်ခရီးမှာ ထင်မှတ်မထားပဲ Accident တခုနဲ့ ဇနီးနဲ့ သမီး ၂ ယောက် သေဆုံးသွားခဲ့တယ်။ William Foster ဟာ မိသားစုဝင်တွေကို ဆုံးရှုံးရပြီး ချစ် ခင်တဲ့ စိတ်နဲ့ သူတို့ကို စက်ရုပ်တွေမှာ ပြန်အသက်သွင်းနိုင်ဖို့ ကြိုးစားချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ပရိသတ်တွေက ရှုစားကြရမှာပါ။
ဒီကားထဲမှာတော့ Keanu Reeves နဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသ မီးတွေ ဖြစ်ကြတဲ့ Alice Eve, Thomas Middleditch နဲ့ John Ortiz တို့ကလည်း ပါဝင် သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ဂ်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှု ဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။
IMDb မှာ Rating 5.6 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဖင်လန်နိုင်ငံမှာ ကျင်းပတဲ့ Night Visions International Film Festival မှာ ကနဦးပြသခဲ့ပြီး လာမယ့် ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ဟောလိဝုဒ် Adventure Family Drama အမျိုးအစား ရုပ်ရှင် - A Dog’s Way Home !
ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Sony, Columbia Pictures နဲ့ Bona Film Group တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် သရုပ်ဆောင်ဒါရိုက်တာ Charles Martin Smith က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။
လူသားတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကြားက ချစ်ခြင်းမေတ္တာ၊ ခွဲခွာနေထိုင်ရချိန်မှာ ခံစားရတဲ့ ခံစားချက်၊ စွန့်စားမှုတွေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ခွေးလိမ္မာ မလေး Bella ရဲ့ စွန့်စားခန်းခရီးကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ သူဟာ သခင်ဖြစ်တဲ့ ဆေးကျောင်းသားလေး Lucas ကို တကယ့်ကို ရင်းရင်းနှီးနှီးချစ်ခင်ပြီး ရုတ် တရက်ပဲ သခင်ဖြစ်သူနဲ့ ခွဲခွာရချိန်မှာ ဘယ်လိုမှ မနေနိုင်တော့ပဲ မိုင် ၄၀၀ ကျော်ခရီးကို ခြေဆန့်ပြီး ရှာပုံတော်ဖွင့်ခဲ့တဲ့ အကြောင်းကို ဒီရုပ်ရှင်ကားထဲမှာ တင်ဆက်ထားတာ ဖြစ် ပါတယ်။
ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Ashley Judd, Edward James Olmos, Alexandra Shipp တို့နဲ့အတူ သရုပ်ဆောင် မင်းသမီး Bryce Dallas Howard က ခွေးမလေး Bella နေရာကနေ အသံနဲ့ ထူးထူး ခြားခြား ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့အကြောင်းအရာတွေက ကလေးတွေအတွက် မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ် ထားပါတယ်။
ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၁၁ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Drama, History, Romance အမျိုးအစား ရုပ်ရှင်ပရိသတ်တွေအကြိုက် Ashes in the Snow !
ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Marius A. Markevicius က ရိုက် ကူးထားတာဖြစ်ပြီး လစ်ယူယေးနီးယန်း-အမေရိကန်စာရေးဆရာမ Ruta Sepetys ရေး သားတဲ့ Newyork Times Bestseller စာရင်းဝင်  Between Shades of Gray ၀တ္ထု ကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကတော့ ဒုတိယကမ္ဘာစစ်နောက်ခံ ဇာတ်လမ်းတပုဒ်ဖြစ်ပြီး အဲဒီအ ချိန်ကာလမှာ ဖခင်နဲ့ ခွဲခြားပြီး မိခင်၊ မောင်ငယ်တို့နဲ့အတူ ဆိုဗီယက်အလုပ်သမားစခန်း တခုဆီ ပို့ဆောင်ခံခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် လစ်သူယေးနီးယန်း ဆယ်ကျော်သက် မိန်းကလေး Lina ရဲ့အကြောင်းကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ အဲဒီအချိန်မှာ သူက ပန်းချီအနုပညာ ကျောင်းတခုကို တက်ဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး ခုလိုရုတ်တရက် ကြုံ တွေ့ရချိန်မှာ အခက်အခဲကြားကနေ သူ့ရဲ့ ပန်းချီအစွမ်းနဲ့ ဘယ်လိုစွန့်စားမှုတွေနဲ့ ဇွဲမ လျှော့တမ်းကြိုးစားခဲ့သလဲဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 8 ထိ ရရှိထားပြီး LA Film Festival မှာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလကတည်းက ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဗြိတိန်မင်းသမီး Bel Powley က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Jonah Hauer-King,  Martin Wallström, Tom Sweet တို့ကလည်း ပါဝင်ထားကြတာပါ။
ကြာမြင့်ခ်ျိန် ၉၈ မိနစ်ရှိတဲ့ ဒီကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ ရုံ တင်ပြသတော့မှာ ဖြစ်ပါတယ်။
မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ပေါ့ပေါ့ ပါးပါး မြန်မာဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ဟောက်စား !
ဒီကားကိုတော့ Bo Bo ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး နတ်စောင်းရဲ့ ဇာတ်လမ်း ကို သက်ဦးမောင်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီကားကိုတော့ ကရင်ပြည်နယ်ရဲ့ ရှုခင်းအလှအပတွေနဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပါ တယ်။ ပစ္စည်းခိုးမှုနဲ့ ထောင်ကျသွားတဲ့ ဂျိုကာတယောက် ထောင်ထဲမှာ မြင့်မြတ်နဲ့ ဆုံမိ ပြီး ဆရာတင်ခဲ့တယ်။ ထောင်က ထွက်လာချိန်မှာတော့ ဆရာနဲ့ပေါင်းပြီး လူတွေကို ဘယ်လိုဟောက်စားလုပ်ကြမလဲဆိုတာတွေကို ဒီကားထဲမှာ ဟာသဇာတ်လမ်းဇာတ် ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား မြင့်မြတ်၊ ကျော် ကျော်ဗို၊ မင်းသမီး အိချောပိုတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားနာမည်ကြီး ဟာ သ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်လှိုင်၊ ဂျိုကာ၊ K ညီ၊ တက္ကသိုလ်ဂွမ်းပုံ စတဲ့ သရုပ် ဆောင်တွေ အများကြီးက အားဖြည့် ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Action Adventure Drama ရုပ်ရှင်ပရိသတ်တွေ အကြိုက် Sgt. Will Gardner !
ဒီကားကိုတော့ အမေရိကန် သရုပ်ဆောင် ဒါရိုက်တာ Max Matini က သူကိုယ် တိုင် ဒါရိုက်တာအဖြစ်ရော သရုပ်ဆောင်အနေနဲ့ပါ ပါဝင်ရိုက်ကူးသရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ မသန်စွမ်း အီရတ်စစ်ပြန် Sgt. Will Gardner ရဲ့ ဘ၀ဇာတ် ကြောင်းတွေကို ပရိသတ်တွေက ရှုစားကြရမှာပါ။ သူဟာ စစ်ပွဲကာလတွင်းမှာ ဦးနှောက် ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ကွဲကွာသွားခဲ့တဲ့ သားဖြစ်သူနဲ့ မိသားစု ပြန် လည်ဆုံဆည်းနိုင်ဖို့ ဆိုင်ကယ်နဲ့ နိုင်ငံအနှံ့ခရီးဆက်ကြိုးစားခဲ့တဲ့ ဇာတ်လမ်းကို ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ Sgt. Will Gardner အဖြစ် သရုပ်ဆောင်မင်းသား Max Matini က အဓိက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြ တဲ့ Dermot Mulroney, Gary Sinise,  Robert Patrick တို့ကလည်း အားဖြည့်ပါဝင် ထားကြတာပါ။
ကြာမြင့်ချိန် ၉၈ မိနစ်ရှိပြီး ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ပရိသတ်တွေ အကြိုက် တွေ့ကြမယ့် ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ ရုံတင်ပြသ တော့မှာ ဖြစ်ပါတယ်။
Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီ မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။
ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013