DVB Logo
Home
မြန်မာသတင်း
“အရိုးပြာလေး ကယားကို ယူပြန်ချင်တယ်” ကျဆုံးသွားသည့် ရဲတပ်သား၏ အစ်မဖြစ်သူပြောကြားချက် (ရုပ်သံ)
DVB
·
January 9, 2019
“အရိုးပြာလေး ကယားကို ယူပြန်ချင်တယ်” ကျဆုံးသွားသည့် ရဲတပ်သား၏ အစ်မဖြစ်သူပြောကြားချက် (ရုပ်သံ)
Donate to DVB

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ)ဟာ ဇန်န၀ါရီ ၄ရက် မနက်ပိုင်းက ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ခုကို ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ဦး သေဆုံးခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ စခန်းတွေထဲမှာ ငမြင်းဘော်ရဲကင်းစခန်းမှာ ရဲတပ်ဖွဲ့ အင်အားအများဆုံး ထိခိုက် ကျဆုံးခဲ့တဲ့ စခန်းတခုလည်းဖြစ်ပါတယ်။

အဲဒီစခန်းမှာ ကျဆုံးသွားတဲ့ အသက်(၂၁)နှစ်အရွယ် ရဲတပ်သား ကိုကိုလတ်ရဲ့ အစ်မဖြစ်သူက သူ့မောင်လေးရဲ့ အရိုးပြာကို  မွေးရပ်ဇာတိ ကယားပြည်နယ်ကို ပြန်ယူသွားချင်တယ်လို့ ဇန်န၀ါရီ ၇ ရက်က နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုဝန်ကြီးနဲ့ မြန်မာနိုင်ငံရဲချုပ်တို့ တွေ့ဆုံရာမှာ ပြောကြားထားပါတယ်။

“ကျမမိသားစုအနေနဲ့ ကျမမောင်လေး မူဆယ်မှာနေတုန်းကဆိုရင် သူအရမ်းဆိုးတဲ့အတွက် ကောင်းကောင်းမွန်မွန်ဆိုရင်လည်း ဒီနေရာပဲ ရပါစေဆိုပြီးတော့ ကျမ ရဲသင်တန်းကိုပို့လိုက်တာ။ ဒါပေမယ့် ကျမမောင်လေး သင်တန်းဆင်းရင် မူဆယ်ကိုလွှတ်ပေးမယ်လို့ သူတို့ပြောတယ်။ မူဆယ်ကိုပဲ ပြန်ကျမယ်လို့ ကျမက ထင်တာ။ ကျမတို့ ဇာတိက ကယားကပေါ့နော်။ ဒါပေမယ့် သင်တန်းဆင်းတော့ မူဆယ်ကို မကျဘဲနဲ့ ကလေးကို ရခိုင်ပို့လိုက်တယ်လို့ ပြောတယ်။ အဲဒီတုန်းက တခေါက် အရမ်းခံစားရပြီးပြီ။ ဒါပေမယ့် ဘယ်လိုမှ လုပ်လို့မရတော့ဘူး။ ဒီတနှစ်ကို သူက ၁၀ တန်းပြန်ဖြေမယ်၊ ဖောင်ထားပေးတဲ့။ ကျမဖောင်တွေတင်ထားပေးတာ။ ဒီတလပဲ။ ဒီတလပြီးရင် သူပြန်လာလို့ရပြီ။ ကျမတို့က ဘယ်လိုပြောချင်လဲဆိုတော့ ကိုယ့်မောင်လေးကို တွေ့လည်းမတွေ့လိုက်ရဘူး။ မြင်လည်းမမြင်ရဘူးဆိုတော့ မယုံသည့်တိုင်အောင်တော့ ဒီအခြေ အနေထိဆိုရင်တော့ လက်ခံလို့ရနေပြီလေ။ ဒါပေမယ့် သူ့ရဲ့အရိုးပြာလေးကို ပြန်လိုချင်တယ်။ သူ့ကို သင်္ဂြိုဟ်ပြီးပြီဆိုရင် ကျမတို့ ပြန်ဖော်ပြီးတော့ သူတို့မလုပ်ပေးနိုင်ရင်လည်း ကျမတို့ ဖာသာ ကျမတို့ ပြန်ဖော်ပြီး မီးသင်္ဂြိုဟ်ပြီး ဒီအရိုးပြာကို ကျမတို့ ကယားကို ယူပြန်ချင်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013