DVB Logo
Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ်ဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိဟု မီဒီယာကောင်စီပြော
DVB
·
January 9, 2019
ရတနာပုံတက္ကသိုလ်ဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိဟု မီဒီယာကောင်စီပြော
Donate to DVB

မန္တလေးသတင်းထောက်တွေနဲ့ ရတနာပုံတက္ကသိုလ်ပါမောက္ခတို့အကြား ပြဿနာကို ကူညီဖြေရှင်းပေးဖို့ ကြိုးစားနေရာမှာ ရတနာပုံတက္ကသိုလ်ဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး (၂) ဦးလှိုင်းသစ်ဇင်ဝေက ဒီဗွီဘီကို ပြောပါတယ်။

ရတနာပုံတက္ကသိုလ်ရှေ့မှာဖြစ်ပွားခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲမှာသတင်းယူနေတဲ့ သတင်း မီဒီယာသမားတွေနဲ့ ရတနာတက္ကသိုလ်၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ခင်သက်ကျော်တို့ ပြဿနာဖြစ်ပွားခဲ့တာနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သွားရောက် စုံစမ်းနေတာပါ။

ဒီကိစ္စ သတင်းမီဒီယာကောင်စီက စုံစမ်းစစ်ဆေးရေးကော်မတီတရပ် ဖွဲ့စည်းပြီး ကွင်းဆင်းစုံစမ်းခဲ့ပေမယ့် မန္တလေးအခြေစိုက်သတင်းသမားတွေနဲ့သာ တွေ့ခွင့်ရခဲ့ပြီး ရတနာပုံတက္ကသိုလ်က သက်ဆိုင်ရာဆရာမဖြစ်တဲ့ ဒေါက်တာခင်သက်ကျော်နဲ့တော့ တွေ့ခွင့်မရခဲ့ဘူးလို့ ဦးလှိုင်းသစ်ဇင်ဝေက ပြောပါတယ်။

ဒါပေမယ့် စုံစမ်းစစ်ဆေးရေးကော်မတီနဲ့ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်တို့ကတော့ အလွတ်သဘော တွေ့ဆုံမှုတော့ ရှိခဲ့တယ်လို့ သူကပြောပါတယ်။

“သက်ဆိုင်တဲ့ဆရာမနဲ့တော့ တွေ့ခွင့်မရခဲ့ပါဘူး။ သတင်းထောက်တွေနဲ့တော့ တွေ့ခွင့်ရခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မတီဆိုတာကို သူတို့က မကြိုက်ဘူးပေါ့။ သူတို့မကြိုက်တာတော့ မသိဘူးပေါ့နော်။ ကောင်စီဘက်ကတော့ ကိုယ်လုပ်စရာရှိတာလုပ်ခဲ့တာပဲ။ သဘောထားကတော့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ ပူးပေါင်းဆောင်ရွက်မှု အတော်အားနည်းတယ်ဆိုတဲ့ သဘောပေါ့နော်”

အဲ့ဒီပြဿနာနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီကို အဖွဲ့ဝင် ၅ ဦးနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။

အဲ့ဒီကြေညာချက်မှာပါရှိတဲ့ စုံစမ်းစစ်ဆေးဆိုတဲ့ စကားရပ်ဟာ နိုင်ငံဝန်ထမ်းတဦးကို သတင်းမီဒီယာသမားတွေက စုံစမ်းစစ်ဆေးမယ့် သဘောရောက်နေတဲ့အတွက် ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်သက်ကျော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးရာရောက်တဲ့လို့ စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ စကားရပ်ကို ပြန်လည်ရုပ်သိမ်းပြီး အေးချမ်းစွာညှိနှိုင်းဆောင်ရွက်သော နည်းလမ်းနဲ့သာ ပြေငြိမ်းအောင်ဆောင်ရွက်သွားဖို့ ရတနာပုံတက္ကသိုလ် ဆရာ/ဆရာမများအစည်းအရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မတီအနေနဲ့ သတင်းမီဒီယာကောင်စီကို အစီရင်ခံစာတစောင် တင်ရမှာ ဖြစ်ပြီး အစီရင်ခံစာပေါ်မူတည်ပြီး ကောင်စီက အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013