DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် ပိုးလုပ်ငန်းများ ပြန်လည်အသက်သွင်းရန်လိုအပ်
DVB
·
January 9, 2019
ချင်းပြည်နယ် ပိုးလုပ်ငန်းများ ပြန်လည်အသက်သွင်းရန်လိုအပ်
1 / 4
Donate to DVB

နှစ်ကာလကြာရှည် အလုပ်မဖြစ်ပဲ ရပ်တန့် နေတဲ့ ချင်းပြည်နယ်၊ တွန်းဇံဒေသက ပိုးမွေးလုပ်ငန်းတွေဟာ ဒေသခံ ပြည်သူတွေအတွက် စားဝတ်နေရေးကို တဖက်တလမ်းကနေ အကျိုးပြုနိုင်လို့  ပြန်လည်လုပ်ကိုင်ဖို့ လိုအပ်နေတယ်လို့ ဒေသခံ လွှတ်တော်အမတ်က ပြောပါတယ်။

တွန်းဇံ မဲဆန္ဒနယ် အမှတ် ၇ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်က "အရင်က တွန်းဇံဒေသက ပိုးလုပ်ငန်း အရမ်းအဆင်ပြေခဲ့တယ်။ နောက်တော့ ပိုးတောင်သူတွေ အပေါ် ပိုးဥဈေးတွေကို အဝယ်သမားတွေက အုပ်စုအဆင့် abcd ခွဲပြီး ဈေးခွဲတယ်။ အုပ်စုခွဲ ဈေးသာ ခွဲသတ်မှတ်ပေမယ့် သယ်တဲ့ခါ အတူတူရောပစ်တာ။ အဲ့နောက်တော့ တောင်သူတွေ အဆင်မပြေတော့ဘူး။ ဒါကနေ တဖြည်းဖြည်း လျော့လာတာ ခုဆို ပိုးမွေးလုပ်ငန်း မရှိတော့ဘူး။ ဒါကြောင့် အစိုးရအနေနဲ့ အဝယ်ကုမ္ပဏီတွေ ဖိတ်ခေါ်ပေမယ့် တောင်သူတွေကို စားနပ်ရိက္ခာငွေ လည်း ထောက်ပံ့သွားဖို့ လိုအပ်တယ်။ ဒါကို ကျမတို့ ပြန်လည် အသက်သွင်း ပေးဖို့ လိုအပ်တယ်"လို့ ပြောပါတယ်။

ပိုးဥလုပ်ငန်းတွေကို ၁၉၆၂ခုနှစ်ကတည်းက စတင်ပြီး တွန်းဇံဒေသမှာ လုပ်ကိုင်ခဲ့တာဖြစ်ပြီး တွန်းဇံမြို့ရဲ့ ပိုးမွေးလုပ်ငန်းကနေ ၁၉၇၈- ၇၉ ပိုးမွေးရာသီတုန်းက တနိုင်ငံလုံး ပိုးဥစံချိန်တင် တန်ချိန်  ၈၀၀၀၀၀ အထိထွက်ရှိခဲ့ပါတယ်။

တွန်းဇံ စိုက်ပျိုးရေးဌာန ဦးစီးအရာရှိ ဦးဝင်းဘိုက "ပိုးမွေးလုပ်ငန်းက တချိန်က အောင်မြင်ခဲ့တဲ့ သမိုင်းရှိတယ်။ ပြောရရင် ချင်းဒေသက စိုက်မြေရှားတယ်။ ဒီနှစ်ဆို စပါး၊ ပဲ၊ ပြောင်းမစိုက်နိုင်ဘူး။ ပိုးလုပ်ငန်းဆိုတာက တောင်ယာစိုက်သလို မပင်ပန်းဘူး။ မိသားစု အိမ်တွင်းလုပ်ငန်းလို တပိုင်တနိုင် လုပ်နိုင်တယ်။ ဒါကြောင့်ဒါကို ပြန်လုပ်ရင်အခက်အခဲမရှိပဲ ဝင်ငွေအတွက်လည်း ကောင်းတာကြောင့် ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတာပါ" လို့ ပြောပါတယ်။

ပိုးမွေးမြူရေးလုပ်ငန်းကို တွန်းဇံဒေသမှာ အရင်က လုပ်ကိုင်ဖူးတာကြောင့် နည်းပညာ အခက်အခဲမရှိပါဘူး။

ဒါပေမယ့်ပိုးဥအဝယ်ဒိုင်တွေက ဈေးနှိမ်တာ၊ လိမ်တာတွေကိုတော့ အစိုးရအနေနဲ့ ကိုယ်တိုင်ပိုးဥဝယ်ယူပေးတာ၊ ဒေသတွင်း ချည်ထုတ်စက်ရုံ ရက်ကန်းစက်ရုံတွေကို ဖော်ဆောင် ပေးပါက တွန်းဇံချည်ဟာ အာရှအဆင့် အရည်အသွေးကောင်း ပိုးချည်ထုတ်လုပ်နိုင်မယ်လို့  ဒေသခံတချို့က ပြောပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013