DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်သို့ပို့မည့် မူးယစ်ဆေးကုန်ကြမ်း ဓာတုပစ္စည်းများ မဲဆောက်တွင် ဖမ်းမိ
DVB
·
January 9, 2019
မြန်မာဘက်သို့ပို့မည့် မူးယစ်ဆေးကုန်ကြမ်း ဓာတုပစ္စည်းများ မဲဆောက်တွင် ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာပြည်ဘက်ကို သယ်ဆောင်ဖို့ ပြင်ဆင်ထားတဲ့  ဆိုဒီယမ်ဆိုင်ယမ်နိုက် မူးယစ်ဆေးထုတ်ကုန်ကြမ်း ဓာတုပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ 77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အကောက်ခွန်အရာရှိ၊ အမှတ် ၁၄ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်၊ မူးယစ်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေပါဝင်တဲ့အဖွဲ့ဟာ  မနေ့ညနေ ၃ နာရီခွဲ လောက်က မဲဆောက်မြို့၊ ထာ့ဆိုင်လွတ်ရပ်ကွက် ၂ သောင်ရင်းမြစ်ကမ်းဘေးမှာ မြန်မာပြည်က မသင်္ကာဘွယ် ၆ ဘီး ကုန်တင်ယာဉ်တစီးကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ အဆိုပါကားပေါ်မှာ ပိတ်စတွေနဲ့ ဖုံးအုပ်ထားတဲ့ တိုင်ကီ ၂၅ လုံးကို တွေ့ရှိ ရကြောင်း၊ အထဲမှာတော့ အိုက်စ်မူးယစ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုလေ့ရှိတဲ့ ဆိုဒီယမ်ဆိုင်ယမ် နိုက်ဓာတုဆေးရည်တွေ တွေ့ရှိရတယ်လို့ မဲဆောက်အကောက်ခွန် အရာရှိ နိုင်းဆုမ်ဆဒ် ဆုခ်ဆုမ်ဆွတ်က သတင်းထောက်တွေကို ပြောပါတယ်။

တိုင်ကီတလုံးမှာ ဓာတုဆေးရည် အလေးချိန် ၅၀ ကီလိုဂရမ်စီ ပါတဲ့အတွက် စုစုပေါင်း  အလေးချိန် ၁၂၅၀ ကီလိုဂရမ်ဖမ်းဆီးရမိကြောင်း၊ ကားပေါ်မှာ ယာဉ်မောင်းဖြစ်သူ ကိုဦးနဲ့ အဖော်ဖြစ်သူ ကမ်မအာရီတို့ပါလာပြီး သူတို့ဟာ အဆိုပါကားကို ကရင်ပြည်နယ် မြ၀တီဘက်ကနေ မောင်းနှင်လာကာ ဓာတုပစ္စည်းတွေကတော့  မြန်မာနိုင်ငံသား အာနူးဆိုသူရဲ့ ပစ္စည်းတွေဖြစ်တယ်လို့ ၀န်ခံထားပါတယ်။

လောလောဆယ် သူတို့ နှစ်ဦးကို ဖမ်းဆီးထားပြီး ကွင်းဆက်တွေ ဆက်လက်စုံစမ်းစစ်ဆေး သွားမယ်လို့ အကောက်ခွန်အရာရှိက ပြောပါတယ်။

ဆိုဒီယမ်ဆိုင်ယမ်နိုက်ဓာတုဆေးမှာ ရွှေတွင်းတူးဖော်ရာမှာ အသုံးပြုကြသလို အိုက်စ် မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာလည်း အသုံးပြုလေ့ရှိတယ်လို့  သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013