DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲအတွက် ကော်မရှင်ဖွဲ့စည်း
DVB
·
January 9, 2019
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲအတွက် ကော်မရှင်ဖွဲ့စည်း
Donate to DVB

ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ ရွေးကောက်ပွဲကို လာမယ့် မတ်လထဲမှာ ကျင်းပပေးနိုင်ဖို့ ကော်မရှင်ဖွဲ့စည်းပြီးပြီလို့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ ရွေးကောက်ပွဲကို လာမယ့် မတ်လထဲမှာ ကျင်းပပေးနိုင်ဖို့ ကော်မရှင်ဖွဲ့စည်းပြီးပြီလို့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရတက်လာပြီး နောက်ပိုင်း ၂၀၁၆ ခုနှစ်ကတည်းက စည်ပင်ရွေးကော်ခံ ကော်မတီဝင်ဟောင်းတွေကို တာဝန်ရပ်နားလိုက်ပြီး   အခုအချိန်အထိ မြို့တော် စည်ပင်သာယာရေး ကော်မတီသစ်ကို ဖွဲ့နိုင်ဖို့ ရွေးကောက်ပွဲ မကျင်းပနိုင်သေးဘဲ ရှိနေတာပါ။

ရွေးကောက်ပွဲ အမြန်ကျင်းပပေးဖို့  တစိုက်မတ်မတ် တောင်းဆိုလာတဲ့ ကျောက်တံတား လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာက “အရင်စည်ပင်သာယာရေးကော်မတီကိုဖွဲ့ဖို့ ရွေးကောက်ပွဲမှာ တအိမ်တယောက်ပဲ မဲပေးပိုင်ခွင့် ရှိခဲ့ပေမယ့် အခုလာမယ့် စည်ပင်ရွေးကောက်ပွဲမှာ ၂၀၁၈ စည်ပင်ဥပဒေအသစ်ကြောင့် အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်ရှိပါတယ်။  အသက် ၂၅ နှစ် ပြည့်ပြီး သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီရင်ဥပဒေအရကော်မတီဝင်အဖြစ်ပါ ယှဉ်ပြိုင်အရွေးခံနိုင်တယ်”လို့ပြောပါတယ်။

ဒါပေမယ့် စည်ပင်ရွေးကောက်ပွဲကို မတ်လထဲမှာမှ မလုပ်ပေးနိုင်ရင် ကော်မတီဝင်အသစ်တွေရဲ့ လုပ်ပိုင်ခွင့်အချိန်ဟာ သက်တမ်း မကျန်တော့ဘူးလို့  ပန်းဘဲတန်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။

“စည်ပင်ရွေးကောက်ပွဲကို ၂၀၁၉ နှစ်စထဲမှာ မလုပ်ပေးနိုင်ဘူးဆိုရင်တော့ ကော်မတီ ဝင်ဖြစ်လာမယ့်သူတွေ၊ ဥပဒေသစ်အရ ရန်ကုန်ဒုတိယ မြို့တော်ဝန် ဖြစ်လာမယ့်သူတွေဟာ ရွေးကောက်ပွဲသာနိုင်လာပြီး လုပ်ပိုင်ခွင့်အတွက် အချိန်နဲ့ လုပ်နိုင်ခွင့်စွမ်းရည်တွေ ဘာမှ ပြသခွင့်ရတော့မှာ မဟုတ်လို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနိုင်ဖို့ ရှိတယ်။”

အခုအချိန်အထိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးမှာ မြို့တော်ဝန်ကို တိုက်ရိုက်ခန့်ထားတာကလွဲလို့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ဖွဲ့ရမယ့် ကော်မတီကို အခုအချိန်အထိ ဖွဲ့စည်းမပေးနိုင်သေးတာ ရန်ကုန်နေ ပြည်သူတွေအတွက် နစ်နာရတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ၁၁ ယောက်နဲ့ ဖွဲ့စည်းသွားမှာဖြစ်ပြီး အဲဒီအထဲမှာ အစိုးရခန့်အပ် ၅ ယောက်နဲ့ ရွေးကောက်တင်မြောက်သူ ၆  ယောက်တို့နဲ့ ဖွဲ့စည်းရမယ်လို့ ဥပဒေသစ်မှာ ဖော်ပြထားပါတယ်။

အဲဒီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအသစ်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၇ ရက်က တိုင်းလွှတ်တော်ကနေ အတည်ပြုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013