DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာသွားသူများ ပြန်လက်ခံရေးလုပ်ငန်းစတင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
DVB
·
January 9, 2019
နေရပ်စွန့်ခွာသွားသူများ ပြန်လက်ခံရေးလုပ်ငန်းစတင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
Donate to DVB

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံဖို့ လုပ်ငန်းစဉ် စတင်ဖို့ နိုင်ငံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်တို့ဟာ ဇန်န၀ါရီ ၈ ရက်က နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့သူတွေ ဖြစ်ကြောင်း၊ စိစစ်ပြီးတဲ့ နေရပ်စွန့်ခွာသူ  ၆၀၃ ဦးရဲ့ စာရင်းကို မြန်မာအမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ပေးအပ်ခဲ့ပါတယ်။

အခုပေးအပ်လိုက်တဲ့ စာရင်းဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကပေးအပ်ထားတဲ့ နေရပ်စွန့် ခွာသူ ၂၂၀၀၀ စာရင်းကနေ စိစစ်အတည်ပြုထားတဲ့  ပထမအသုတ် စာရင်းပါ။

မြန်မာဘက်ကတော့ စိစစ်ပြီးသူတွေ ပြန်လည်လက်ခံနိုင်ရေးအတွက် နှစ်နိုင်ငံအကြား သဘောတူညီထားတဲ့သဘောတူညီချက်တွေနဲ့အညီ သတ်မှတ်ပုံစံတွေဖြစ်တဲ့ ဓာတ်ပုံ၊ လက်မှတ်နဲ့ သက်ဆိုင်ရာ အချက်အလက်တွေကို ဖြည့်စွက်ပြီး ပေးပို့ဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာရမယ်လို့ အမြဲတမ်းအတွင်းဝန်က ထပ်မံသတိပေးပြောကြားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တဖက်နိုင်ငံရောက် ဟိန္ဒူဘာသာဝင်တွေ အပါအဝင် စိစစ် ထားတဲ့ နေရပ်စွန့်ခွာသွားသူတွေကို  အမြန်ပြန်လည်လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်မယ်လို့ အတွင်းဝန်ကပြောပါတယ်။

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလမှာ နေရပ်စွန့်ခွာသူ ၂၀၀၀ကျော်ကို ပြန်လည်လက်ခံဖို့ သဘောတူညီခဲ့ပေမယ့် သတ်မှတ်ထားတဲ့ရက်အတိုင်း ပြန်ဝင်မလာတာ ကြောင့် အစီအစဉ်ပျက်ခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ရွေးကောက်ပွဲပြီးမှ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် စတင်မယ်လို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013