အကယ်ဒမီပေးပွဲအတွက် စပွန်ဆာများ ကျပ်သိန်း ၃၀၀၀ ကျော် အသုံးပြုမည်
သူသူအောင်
·
January 9, 2019

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အဓိကပံ့ပိုးကူညီသူ မိန်းစပွန်ဆာအဖြစ် မွန်းမြန်မာမီဒီယာနဲ့ ABC Content solution တို့က ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ သိရပါတယ်။
အကယ်ဒီမီပွဲအတွက်အဝတ်အစားနဲ့ ဒီဇိုင်းကို နန်းတက်မင်းသားပိုးထည်လုပ်ငန်း၊ လက်ဝတ်လက်စားတွေကတော့ ရွှေနန်းတော် ရတနာရွှေဆိုင်ကနေ ကူညီစပွန်ဆာအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာပါ။
မိန်းစပွန်ဆာရရှိခဲ့တဲ့ မွန်းမြန်မာမီဒီယာနဲ့ ABC Content solution တို့က မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ကျပ်သိန်း ၃၀၀၀ ကျော်အသုံးပြုမှာဖြစ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို အလှူငွေ ကျပ်သိန်း ၁၆၀၀ လှူဒါန်းသွားမှာဖြစ်ပါတယ်။
လာမယ့် မတ်လမှာ ကျင်းပမယ့် မြန်မာရုပ်ရှင်အကယ်ဒမီဆုပေးပွဲကိုတော့ ရန်ကုန်မြို့၊ ရွှေထွဋ်တင်ကွင်းမှာကျင်းပနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မွန်းမြန်မာ မီဒီယာက ပြောပါတယ်။