DVB Logo
Home
မြန်မာသတင်း
သမ္မတရုံးပြောခွင့်ရသူ၏ ပြောကြားချက် ရခိုင်အမျိုးသားပါတီ ကန့်ကွက်
DVB
·
January 9, 2019
သမ္မတရုံးပြောခွင့်ရသူ၏ ပြောကြားချက် ရခိုင်အမျိုးသားပါတီ ကန့်ကွက်
Donate to DVB

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ ဇန်န၀ါရီ ၇ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေဟာ ရခိုင်ပြည်သူအားလုံးအပေါ် အင်အားသုံး ဖြေရှင်းလိုမှု၊ မတရား ခြိမ်းခြောက်မှုနဲ့ မတရားစွပ်စွဲပြောဆိုရာ ရောက်နေတယ်လို့ ရခိုင်အမျိုးသားပါတီ(အေအန်ပီ)က ထုတ်ပြန် ကန့်ကွက်လိုက်တယ်။

ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင်တွေအားလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့  တရားဝင်ဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ ဦးဇော်ဌေးရဲ့ ပြောကြားမှုတွေအပေါ်မှာ လေးနက်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်လူမျိုးတွေနဲ့ ရခိုင်နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ ဘယ်ဘင်္ဂါလီအဖွဲ့အစည်းတွေနဲ့မှ ဆက်စပ်ဆောင်ရွက်မှု လုံးဝမရှိခဲ့တဲ့အပြင် ရခိုင်ဒေသမှာ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အားပေးအားမြှောက်ပြုတာ၊  ပူးပေါင်းဆောင်ရွက်တာ လုံးဝမရှိခဲ့ဘူးလို့ လည်း ရခိုင်ပါတီက ရှင်းလင်းထားပါတယ်။

ရက္ခိုင့်တပ်မတော် (အေအေ)ကို သောင်းကျန်းသူနှိမ်နှင်းရေး စစ်ဆင်ရေးတွေပြုလုပ်ဖို့နဲ့ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အေအေအပေါ် ထောက်ခံမှုတွေ ရပ်တန်းကရပ်ဖို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇန်န၀ါရီ ၇ ရက် နေပြည်တော်မှာ ကျင်းပတဲ့  သတင်းစာရှင်း လင်းပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင်တပ်မတော် (အေအေ)တို့အကြား ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ငြိမ်းချမ်းရေးအတွက် အဖြေမထွက်နိုင်ဘဲ နိုင်ငံရေးအရ အဖြေရှာ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ အေအန်ပီပါတီက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် လူမျိုးရေးပဋိပက္ခအသွင်ဆောင်ပြီး မလိုလားတဲ့သဘောထားကွဲလွဲ ရှုပ်ထွေးမှုတွေ မဖြစ်ပေါ်လာအောင် တိုင်းရင်းသားညီအစ်ကိုတွေအနေနဲ့ ၀ိုင်းဝန်သုံးသပ်ဖြေရှင်းပေးဖို့လည်း  တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၄ရက် လွတ်လပ်ရေးနေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကို အေအေအဖွဲ့က တပြိုင်နက်ထဲ ၀င်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး  ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013