DVB Logo
Home
မြန်မာသတင်း
ဆမွတ်ပရကန်တွင် မြန်မာအပါအ၀င် တရားမ၀င် ရွှေ့ပြောင်းလုပ်သား ၇၀ခန့် ဖမ်းဆီးခံရ
DVB
·
January 9, 2019
ဆမွတ်ပရကန်တွင် မြန်မာအပါအ၀င် တရားမ၀င် ရွှေ့ပြောင်းလုပ်သား ၇၀ခန့် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့နယ်၊ ဘန်ဖရီရပ်ကွက်ထဲမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ စုဝေးနေထိုင်ရာ တိုက်ခန်းတွေကို  တာဝန်ရှိသူတွေက ဇန်န၀ါရီလ ၈ ရက်က သွားရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမပြည့်စုံသူ ၆၉ ဦးကို ဖမ်းဆီးအရေးယူ ခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေခံရဲတွေက ရာဇ၀တ်မှုပပျောက်ရေးအတွက် ပုံမှန်လှည့်လည်စစ်ဆေးစဉ် ဘန်ဖရီယိုင်ရပ်ကွက်၊ ရတ်တနချုတ်လမ်းထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အမြောက်အမြား စုဝေးနေထိုင်တာကို တွေ့ရတဲ့အတွက်  ၀င်ရောက်စစ်ဆေးခဲ့တာလို့ ဘန်ဖရီခရိုင် လ၀က ရဲမှူးကြီး ထနုန်းဆဒ်ကျိုင်လုံက သတင်းထောက်တွေကို ပြောပါတယ်။

ယမန်နေ့က လ၀ကရဲ၊ နယ်မြေခံရဲ၊ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာရဲ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ အင်အား ၂၀၀ လောက်ဟာ အဆိုပါရပ်ကွက်တွင်းရှိ ၅ ထပ်တိုက် ၆ လုံးမှာရှိတဲ့ အခန်းတွေကို ၀င်ရောက်စစ်ဆေးခဲ့ရာမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၃၉၈ ဦးကို တွေ့ရှိခဲ့ပါတယ်။

စစ်ဆေးချက်အရ ၆၉ ဦးက ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်သူ၊ ပတ်စပို့ဗီဇာသ က်တမ်းကုန်ဆုံးသူ၊ ၀င်ရောက်တည်းခိုနေထိုင်ကြောင်း အကြောင်းမကြားသူ၊ ခွင့်ပြုထားတဲ့နေ ရာမှာ မနေထိုင်သူတွေပါဝင်လို့ လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ ခရိုင်လ၀က ရဲမှူးကြီးက ပြောပါတယ်။    

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013