DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော် ကျပ်သိန်း ၇၀၀၀ နီးပါး အကုန်အကျခံကျင်းပမည်
DVB
·
January 9, 2019
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော် ကျပ်သိန်း ၇၀၀၀ နီးပါး အကုန်အကျခံကျင်းပမည်
Donate to DVB

ကျပ်သိန်းပေါင်း ၇၀၀၀ လောက် အကုန်အကျခံကျင်းပမယ့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြပွဲနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကို  ရန်ကုန်မှာ ခုလကုန်ပိုင်း ကျင်းပသွား ဖို့ရှိပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအဖွဲ့က ကြီးမှူးကျင်းပတဲ့ အဲဒီပွဲတော်ကို ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းမှာ ဇန်နဝါရီလ ၂၅ ရက်ကနေ ၃၀ ရက်အထိ ၆ ရက် ကျင်းပသွားမှာပါ။

သွေးချင်းတို့ရဲ့ပွဲတော်ဆီလို့ အမည်ပေးထားတဲ့ ဒီပွဲတော်မှာ တိုင်းရင်းသားအားလုံး တွေ့ဆုံပြီး စည်းလုံးညီညွှတ်မှု၊ ငြိမ်းချမ်းရေးမှုနဲ့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ပြသနိုင်ဖို့ ရည်ရွယ်ကျင်းပတာလို့ ပွဲတော်ကျင်းပရေးကော်မတီက မနေ့က ရန်ကုန်မှာ သတင်းစာရှင်းလင်းပြောပါတယ်။

ပွဲတော်မှာတော့ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ဈေးရောင်းပွဲတော်တွေနဲ့ တိုင်းရင်းသား အလှမယ်ရွေးချယ်ပွဲတွေပါ ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။

ပွဲတော်လုံခြုံရေးအတွက် အစိုးရရဲ့ လုံခြုံရေးအပြင် ကုမ္ပဏီက ငှားရမ်းထားတဲ့ လုံခြုံရေး အယောက် ၁၀၀ ကျော်နဲ့ CCTV အလုံးပေါင်း ၅၀ ကျော် တပ်ဆင်သွားဖို့လည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013