DVB Logo
Home
မြန်မာသတင်း
အာဆာနှင့်အေအေ နှစ်ဖွဲ့စလုံးနှင့် ရင်ဆိုင်နေရသဖြင့် လုံခြုံရေးသတိရှိရန် ရဲချုပ်တိုက်တွန်း
DVB
·
January 9, 2019
အာဆာနှင့်အေအေ နှစ်ဖွဲ့စလုံးနှင့် ရင်ဆိုင်နေရသဖြင့် လုံခြုံရေးသတိရှိရန် ရဲချုပ်တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ရဲတပ်ဖွဲ့အနေနဲ့ အာဆာအဖွဲ့သာမက အေအေလက်နက်ကိုင်အဖွဲ့နဲ့ပါ ရင်ဆိုင်နေရတာကြောင့် လုံခြုံရေးသတိရှိကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်  ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက တိုက်တွန်းပြောပါတယ်။

ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်း ၄ ခုကို ဇန်န၀ါရီ ၄ ရက်မှာ အေအေ လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် ကျဆုံးသွားတဲ့ ရဲတပ်သားမိသားစုတွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့ ရဲတပ်သားတွေနဲ့တွေ့ဆုံချိန်မှာ ရဲချုပ်က ပြောခဲ့တာပါ။

“လက်ရှိတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့စိတ်ထဲမှာ တို့မှာ ဆောင်ရွက်ရန် အများကြီး ရှိနေတယ်ဆိုတာကိုတော့ သိထားစေချင်ပါတယ်။ တို့တွေရဲ့ ယောက်ကျားတယောက်ရဲ့ ဇွဲ၊ သတ္တိ၊ အားမာန်တွေနဲ့ တို့လက်နက်ကိုင်တပ်ဖွဲ့တခုရဲ့စိတ်ဓာတ်တွေ၊ အားမာန်တွေနဲ့ တို့ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်တာတွေကို ဆက်ဆောင်ရွက်ပါ့မယ်။ ဒီနေရာမှာ တိုက်တွန်းလိုတာကတော့ အာဆာတဖွဲ့ထဲမဟုတ်တော့ဘူး။ မင်းတို့နယ်ခြား (၃) တာဝန်ယူရတဲ့ နယ်မြေဒေသမှာ အေအေအကြမ်းဖက်သောင်းကျန်းသူကိုလည်း ရင်ဆိုင်ရတဲ့ အနေအထားဖြစ်နေပြီ ဖြစ်တဲ့အတွက် တို့ရဲ့လုံခြုံရေးအသိ။ လုံခြုံရေးသတိ ယခင်ကထက် ပိုရှိပြီးတော့ ပိုအလေးထားရတော့မယ်ဆိုတဲ့ အဖြေကိုထွက်ပါတယ်”လို့ မြန်မာနိုင်ငံရဲချုပ် အောင်ဝင်းဦးက ပြောပါတယ်။

နယ်ခြား အမှတ် (၃)စခန်းတွေဟာ အဓိကအားဖြင့် နယ်စပ်ခြံစည်းရုံးကိုစောင့်တဲ့ စခန်းတွေမဟုတ်သလို၊ နယ်စပ်ချောင်းပေါက်ဝတွေကို ထိန်းထားတဲ့စခန်းတွေလည်း မဟုတ်တဲ့အကြောင်းနဲ့ အဲဒီဒေသက ပြည်သူတွေရဲ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် စောင့်ကြည့်နေတဲ့ စခန်းတွေလို့လည်း ရဲချုပ်ကပြောပါတယ်။

အရင်နှစ်တွေကတော့ ဘူးသီးတောင်ဘက်က ရဲကင်းစခန်းတွေဟာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ ရန်ကနေ အဓိကထား ကာကွယ်ဖို့ တာဝန်ထမ်းဆောင်ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ဒေသခံတိုင်းရင်းသားတွေအတွက် အာဆာအကြမ်းဖက်သမားတွေရန်ကနေ ကာကွယ်ပေးနေချိန်မှာ  အေအေလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်လိုက်တာဟာ နောက်ကျောကို ဓားနဲ့ထိုးသလို ခံစားနေရတယ်လို့ ရဲချုပ်အောင်ဝင်းဦးက အတိုက်ခံရတဲ့ ရဲကင်းစခန်းတွေကို ဇန်န၀ါရီလ ၇ ရက်က သွားရောက် ကြည့်ရှုစဉ် ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013