DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ၊ ပြည်နယ်တိုင်းအနှံ့ မိုးရွာဦးမည်
DVB
·
January 8, 2019
လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ၊ ပြည်နယ်တိုင်းအနှံ့ မိုးရွာဦးမည်
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင် ကမ်းရိုးတန်းတောင်ပိုင်းအနီးမှာ ဆက်လက်တည်ရှိနေပြီး ပြည်နယ်တိုင်းအနှံ့မိုးရွာဦးမယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့မွန်းလွဲ ၂နာရီအချိန်ထုတ်ပြန်ချက်အရ  တနင်္သာရီတိုင်းမှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးရွာနိုင်ပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာ စိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ  နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ ဒေသအလိုက်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။

မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင် တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်က မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၈)ပေကနေ (၁၀)ပေ ခန့်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၄) ပေကနေ (၇)ပေခန့် ရှိနိုင်ပါတယ်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေနဲ့လည်း ပြည်နယ်တိုင်းအနှံ့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်သေးတယ်လို့ မိုးလေ၀သဌာနကခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013