DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်ပတက္ကသိုလ် ၂ ခုပူးပေါင်းမှု ရပ်ဆိုင်း
DVB
·
January 8, 2019
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်ပတက္ကသိုလ် ၂ ခုပူးပေါင်းမှု ရပ်ဆိုင်း
Donate to DVB

မလေးရှားနိုင်ငံက EDS Business School နဲ့ အမေရိကန်နိုင်ငံ Akamai University တို့နဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပူးပေါင်းပြီး သင်တန်းပို့ချနေတာတွေကို ရပ်ဆိုင်းလိုက်ပြီလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဇန်န၀ါရီ ၇ ရက်ညနေက  နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ နှစ်ပတ်တစ်ကြိမ် ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူက အခုလို ပြောတာပါ။

“EDS Malaysia ရယ်၊ USA က တခုပေါ့။ ဒီတက္ကသိုလ်နှစ်ခုနဲ့ ပတ်သက်ပြီးတော့ ရာထူးဝန်အဖွဲ့နဲ့ ပူးပေါင်းထားတဲ့ဟာတွေ အကုန်လုံး ကျနော်တို့က ရပ်ဆိုင်းလိုက်ပြီ။ ဘယ်နေ့က ရပ်ဆိုင်းလိုက်လည်းဆို ကျနော်တို့ ဇန်န၀ါရီ ၄ ရက်ကစပြီး ရပ်လိုက်တယ်။ ၄ ရက်နေ့က ရပ်လိုက်တော့ ဟိုဘက်ကလည်း စပြီးတော့ ဒီဖြစ်စဉ်တွေကို ဟိုဘက်မှာလည်း ကြားတယ်။ အဲ့ကျောင်းဘက်ကလည်းကြားတယ်။ ဒီဟာနဲ့ပတ်သက်လို့ ပြောနိုင်တာက ဒီတက္ကသိုလ်နှစ်ခုနဲ့ ရာထူးဝန်နဲ့ပေါင်းပြီးလုပ်တဲ့ဟာတွေ အကုန်လုံးက ၄ ရက်နေ့ကစပြီး မရှိတော့ဘူး”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဒီတက္ကသိုလ်နှစ်ခုနဲ့ ပူးပေါင်းပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ၀န်ထမ်းတွေကို သင်တန်းတွေ၊ မဟာဘွဲ့တွေ ပေးနေတာနဲ့ ပတ်သက်လို့ လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် ခုလိုဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013