DVB Logo
Home
မြန်မာသတင်း
ငြိမ်းစုစီဥပဒေဖြင့် တရားစွဲခံနေရသူများထဲတွင် လူငယ်အများစုပါဝင်
DVB
·
January 8, 2019
ငြိမ်းစုစီဥပဒေဖြင့် တရားစွဲခံနေရသူများထဲတွင် လူငယ်အများစုပါဝင်
Donate to DVB

၂၀၁၈ ခုနှစ်အတွင်း ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်နဲ့ ပတ်သတ်ပြီး တရားစွဲဆို ခံထားရသူတွေထဲမှာ လူငယ်တွေအများစု ပါဝင်နေတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေအပါအဝင် ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံရတဲ့ အမှုပေါင်း ၁၀၃ မှုရှိခဲ့ပြီး တရားစွဲဆိုခံရသူ ၂၁၇  ဦးရှိခဲ့တယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အသံအဖွဲ့က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲခံရတဲ့အမှု ၅၃ မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေနဲ့ တရားစွဲခံရတဲ့အမှု ၁၄ မှု၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပုဒ်မနဲ့ တရားစွဲခံရတဲ့အမှု ၃၆ မှု ရှိပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုကြတဲ့ တက်ကြွလှုပ်ရှားသူတွေ အပါအ၀င် လယ်ယာမြေအရေး၊ အလုပ်အကိုင်ရေးနဲ့ ပတ်သက်ပြီး တောင်းဆိုကြတဲ့သူတွေကို  ငြိမ်းစုစီပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တဲ့ အမှုပေါင်းက ၃၆ မှုရှိပြီး တရားစွဲဆိုခံခဲ့ရသူ အရေအတွက်က ၁၂၄ ဦးထိရှိပါတယ်။

တိုက်ပွဲတွေရပ်တန့်ရေး ဆန္ဒဖော်ထုတ်တဲ့သူတွေကို ငြိမ်းစုစီဥပဒေအပြင်၊ အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့တရားစွဲဆိုတာတွေရှိပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေမှာ အခုအစိုးရလက်ထက် တင်းကျပ်မှုတွေပိုများလာတယ်လို့ တိုက်ပွဲတွေရပ်တန့်ရေးနဲ့ ပတ်သက်ပြီး  ဆန္ဒထုတ်ဖော်ရာမှာ တရားစွဲဆိုခံထားရသူ တဦးဖြစ်တဲ့ မရှားယမုံကပြောပါတယ်။

၂၀၁၈ခုနှစ်အတွင်းမှာ သတင်းမီဒီယာသမားတွေကို တရားစွဲဆိုတဲ့အမှုပေါင်း ၉ မှုရှိပြီး သတင်းသမား ၁၂ ဦးကို တရားစွဲဆိုခံခဲ့ရပါတယ်။

သတင်းမီဒီယာသမားတွေကို တရားစွဲဆိုခံရတဲ့ အမှုတွေကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ အသရေဖျက်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မစတာတွေ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အင်းဒင်ရွာ လူသတ်မှု ကိစ္စနဲ့ပတ်သတ်ပြီး သတင်းရေးသားထုတ်ဖော်ခဲ့ကြတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကိုတော့ မြန်မာနိုင်ငံလျှို့ဝှက်ချက်များအက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၇ နှစ်ထိချမှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013