DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၌  စာတမ်းပေါင်း ၁၄၀ ကျော်တင်သွင်း
DVB
·
January 8, 2019
မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၌  စာတမ်းပေါင်း ၁၄၀ ကျော်တင်သွင်း
1 / 2
Donate to DVB

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံမှာ ပညာရှင်တွေက သုတေသနလုပ်ငန်းဖွံ့ဖြိုးရေးစာတမ်း ၁၄၀ကျော် တင်သွင်းသွားဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံကို ဇန်နဝါရီ ၇ရက်ကနေ ၁၁ရက် အထိ ရန်ကုန်မြို့ ဆေးသုတေသနဦးစီးဌာနမှာ ၅ ရက်ကြာ ကျင်းပနေတာပါ။

မြန်မာနိုင်ငံမှာ ဆေးသုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးရေးအတွက် အဓိကအခက်အခဲကတော့ နိုင်ငံတကာနည်းတူ ငွေကြေးနဲ့ နည်းပညာသုံးစွဲနိုင်ရေးဖြစ်တယ်၊ နိုင်ငံတော်ဘတ်ဂျက်မှာ ကျန်းမာရေးဘတ်ဂျက်ဟာ ၄ ရာခိုင်နှုန်းသာရှိနေတဲ့အတွက် ရထားတဲ့ဘတ်ဂျက်ကို ကျစ်ကျစ်လစ်လစ်သုံးစွဲနိုင်ဖို့ ကြိုးစားရမယ်လို့ ဆေးသုတေဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က ပြောပါတယ်။

ဒီညီလာခံမှာ ပညာရှင်တွေက သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို အသေး စိတ် စာတမ်းဖတ်ကြား တင်သွင်းနေတာဖြစ်ပြီး ရလဒ်တွေကို ပြည်သူတွေ သိအောင် သတင်းထုတ်ပြန်ပေးသွားမယ်လို့  ညီလာခံ တာဝန်ရှိ သူတဦးက ပြောပါတယ်။

စာတမ်းတွေက ရရှိတဲ့ရလဒ်တွေကို အခြေခံပြီး ပြည်သူတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုကောင်းတွေ ပိုပေးနိုင်အောင်လည်း ပြင်ဆင်နေတယ်လို့ ညီလာခံ ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမော်ထွန်းက ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေထက် နောက်ကျကျန်ရစ်နေတဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ၊ ဆေးဝါးသုတေသနလုပ်ငန်းတွေ၊ ဆေးဝါးထုတ်လုပ်တာတွေနဲ့ပတ်သက်တဲ့ ရေတိုရေရှည်နည်း လမ်းတွေကိုလည်း ညီလာခံမှာ အသေးစိတ်ဆွေးနွေးနေကြပါတယ်။

ဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်တွေ့အသုံးချ သုတေသနများကို ၂၀၁၇-၁၈ ခု ဘဏ္ဍာနှစ်မှာ ခွင့်ပြုဘဏ္ဍာငွေ ကျပ်သိန်း ၁၀၀၀၀ နဲ့ ၂၆၃ ခု၊ ၂၀၁၈ ခု ဘဏ္ဍာနှစ် ဧပြီလက စက်တင်ဘာလအထိ ခွင့်ပြုဘဏ္ဍာငွေ ကျပ်သိန်း ၅၀၀၀ နဲ့ ၂၁၄ ခု ဆောင်ရွက်က်ခဲ့ပြီး အခု ၂၀၁၈-၁၉ ခု ဘဏ္ဍာနှစ်မှာ လက်တွေ့ အသုံးချသုတေသနတွေ ဆောင်ရွက်ဖို့ ကျပ်သန်း ၁၅၀၀၀ ကို ခွင့်ပြုပေးထားတယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013