DVB Logo
Home
မြန်မာသတင်း
ဒုရဲမှူး​ဟောင်း ၁ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးတရားစွဲ
DVB
·
January 8, 2019
ဒုရဲမှူး​ဟောင်း ၁ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးတရားစွဲ
1 / 2
Donate to DVB

နိုင်​ငံ​တော်​အကြီးအကဲတွေကို အကြည်​ညိုပျက်​​စေဖို့ လူမှုကွန်​ရက်​စာမျက်​နှာ​ပေါ်မှာ​ ရေးသားခဲ့တယ်​ဆိုတဲ့ စွပ်​စွဲချက်​နဲ့ ဒုရဲမှူး​ဟောင်းတ​ဦးကို ပဲခူးတိုင်း​ဒေသကြီး​ တောင်​ငူမြို့မှာ ဖမ်းဆီး တရားစွဲဆို လိုက်ပါတယ်။

နိုင်​ငံ​တော်​သမ္မတနဲ့ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​တို့ကို အကြည်​ညိုပျက်​​စေဖို့  ရည်​ရွယ်​ပြီး လူမှုကွန်​ရက်​စာမျက်​နှာမှာ ဖိုတို​ရှော့ဓာတ်​ပုံတွေ အပါအဝင် ​စာသားတွေကို​ ရေးသားဖြန့်​​ဝေခဲ့တဲ့ ဒုရဲမှူး​ဟောင်း မျိုးလွင်​ကို နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု ပုဒ်​မ-၁၂၄(က)နဲ့ ဇန်​နဝါရီ ၆ ရက်​​နေ့ မနက်​ပိုင်းက သူရဲ့​နေအိမ်​မှာ​ အမှတ်​ ၂ နယ်​​မြေ ရဲစခန်းက ဖမ်းဝရမ်းနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီအမှုကို​ တောင်​ငူမြို့နယ်​ ဒုတိယအုပ်​ချုပ်​​ရေးမှူး ဦးမင်းသီဟ​​ဇော်​က တရားလိုပြုလုပ်​ပြီး ​တောင်​ငူမြို့နယ်​တရားရုံးမှာ ဦးတိုက်​​လျောက်​ထားခဲ့လို့  မနေ့က စတင် ရုံးထုတ်ခဲ့ပါတယ်​။

ဦးမျိုးလွင်​ဟာ Lwin Myo Oo/Lwin Myo U/Umyo Lwin/Myo Oo Lwin အစရှိတဲ့​ ဖေ့ဘွတ်​ခ်အ​ကောင့်တွေကိုသုံးပြီး နိုင်​ငံ​တော်​အကြီးအကဲတွေကို အကြည်​ညိုပျက်​​စေဖို့ ရေးသားဖြန့်​​ဝေခဲ့တာ​ ဖြစ်​တယ်​လို့လည်း တရားလိုရဲ့​​လျောက်​ထားတိုင်​တန်းချက်​အရ သိရပါတယ်​။

ဒီအမှုဆက်စစ်ဆေးဖို့ မြို့နယ်​တရားသူကြီးကလာမယ့် ဇန်​နဝါရီ ၁၈ ရက်​​နေ့ကို ပြန်​လည်​ချိန်းဆိုထားပါတယ်​။

နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု  ပြစ်မှုဆိုင်ရာပုဒ်မ ၁၂၄(က)မှာ မည်သူမဆို နုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ အစိုးရကို မုန်းအောင်၊ မေတ္တာပျက်အောင် လှုံ့ဆော် အားထုတ်သူကို တသက်တကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ငွေဒဏ်နဲ့ တသက်တ​ကျွန်း​အောက်လျော့တဲ့ တကျွန်းဒဏ်​ဖြစ်စေ၊ ငွေဒဏ်နဲ့ တကွ ထောင်ဒဏ် ၃နှစ်အထိဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမယ်​လို့  ပြဋ္ဌာန်းထားတာ ဖြစ်ပါ​တယ်​။

သားကြီး(​တောင်​ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013