DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံသို့ အလုပ်သင်သူနာပြု မြန်မာအလုပ်သမား ၃ ဦး ပထမဆုံးအကြိမ်ရောက်ရှိ
DVB
·
January 8, 2019
ဂျပန်နိုင်ငံသို့ အလုပ်သင်သူနာပြု မြန်မာအလုပ်သမား ၃ ဦး ပထမဆုံးအကြိမ်ရောက်ရှိ
Donate to DVB

ဂျပန်နိုင်ငံမှာ သက်ကြီးအိုရွယ်စောင့်ရှောက်ရေး အလုပ်သင်သူနာပြုအဖြစ် လုပ်ကိုင်မယ့် မြန်မာအလုပ်သမားအမျိုးသမီးငယ် ၃ ဦး ဇန်န၀ါရီ ၇ ရက်က ဂျပန်နိုင်ငံ ဟော်ကိုင်းဒိုးမြို့ကို ပထမဆုံးအကြိမ်  ရောက်ရှိလာပါတယ်။

ဂျပန်နိုင်ငံမှာ သက်ကြီးအိုရွယ် အဆမတန်မြင့်တက်လာနေပြီး စောင့်ရှောက်ရေးဂေဟာတွေ မှာ ကျွမ်းကျင်အလုပ်သမားရှားပါးနေမှုကို ဖြေရှင်းဖို့ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီရှား နိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက စတင်ခေါ်ယူခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသား တွေကိုတော့ အခုနှစ်မှ ပထမဦးဆုံး စတင်ခေါ်ယူခဲ့တာပါ။

၂၀၁၉ ခု ဧပြီလပိုင်းမှ စတင်မယ့်နိုင်ငံခြားသား အလုပ်သမားလက်ခံရေးစနစ်အသစ်အရ အလုပ်ဗီဇာ (working visa) အမျိုးအစားကို ၃ နှစ် ဆောင်ရွက်ခွင့်ရရှိမှာဖြစ်ပြီး အခုစတင် ရောက်လာသူတွေဟာ ဟော်ကိုင်းဒိုးမှာရှိတဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာ မတ်လမှ စတင် လုပ်ငန်းခွင်ဝင်ရမှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ သက်ကြီးအိုရွယ်စောင့်ရှောက်ရေး အလုပ်သင်သူနာပြု အလုပ်သမား ၁၀၀ လောက်ခေါ်ယူဖို့ ခန့်မှန်းထားပြီး အခုလို အလုပ်သင် သူနာပြု အလုပ်သမားအဖြစ် တရားဝင် ဂျပန်နိုင်ငံကို ခေါ်ယူဖို့ အချိန် ၄ နှစ်လောက် ကြာမြင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013