DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့ ကမ္ဘာဇဘဏ်တွင် ငွေလွှဲထံက ၁၀၀၀၀ တန်ငွေစက္ကူအတုများဖမ်းမိ
DVB
·
January 8, 2019
မောင်တောမြို့ ကမ္ဘာဇဘဏ်တွင် ငွေလွှဲထံက ၁၀၀၀၀ တန်ငွေစက္ကူအတုများဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်​​တောမြို့ရှိ ကမ္ဘောဇဘဏ်မှာ မနေ့က​ လာရောက်ငွေလွှဲတဲ့သူ တဦးထံကနေ ကျပ်ငွေ တေ​သာင်းတန်​​ ငွေစက္ကူအတု အရွက် ၄၀၀ ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

ဇန်​န၀ါရီ ၇ ရက်​  နေ့လယ်ပိုင်းက မောင်​​တောမြို့ ကမ္ဘောဇဘဏ်​ခွဲမှာ ​ငွေ​သိန်း ၄၀၀ လာ​ရောက်​လွှဲအပ်​တဲ့ မောင်​​တောမြို့အလယ်​ရွာ​နေ ယာဉ်မောင်း ​ဇော်လင်းထက်​ (၃၁ နှစ်) ထံကနေ ​တသောင်း​တန်​ငွေစက္ကူအတု ၄၀၁ ရွက်​ (သိန်း ၄၀) တန်ဖိုးရှိတဲ့ တသောင်းတန်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မောင်​​တောမြို့နယ်​ စခန်းမှူး ဒုရဲမှူးမြင့်နိုင်​က အတည်​ပြု​ပြောပါတယ်​။

“​မောင်​​တောမြို့ က​မ္ဘောဇဘဏ်​ခွဲ မန်​​နေဂျာ​ ဒေါ်ချိုမိမိခင်​​ငွေစက္ကူအတုတွေ လာ​ရောက်​လွှဲ​ နေ​ကြောင်း သတင်း​ပေးချက်​အရ သက်​​သေတွေနဲ့အတူ ​မောင်​​တော က​မ္ဘောဇဘဏ်​ခွဲသို့ သွား​ရောက်​ပြီး တရားခံကို ဖမ်းတာပါ။  သိန်း​လေးရာငွေလွှဲတဲ့အထဲမှာ သိန်း ၄၀ ဖိုး တသောင်းတန် အတု​ တွေ့တာပါ”

ငွေအတုနဲ့ ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး မောင်​​တောမြို့အလယ်​ရွာ​နေ ယာဉ်မောင်း ​ဇော်လင်းထက်​ (၃၁ နှစ်​)ကို  မြန်​မာနိုင်​ငံ ဗဟိုဘဏ်​ ဥပ​ဒေပုဒ်​မ ၁၀၅/၁၀၆ အရ အမှုဖွင့် အ​ရေးယူထားပြီး ကွင်းဆက်​တရားခံတွေ ​ဖမ်းဆီးရမိ​ရေး​ ဆောင်​ရွက်​နေတယ်လို့ သိရပါတယ်​။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013