DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းလုံခြုံရေးကိစ္စ သမ္မတအိမ်တော်တွင် အစည်းအဝေး ကျင်းပ
DVB
·
January 8, 2019
ပြည်တွင်းလုံခြုံရေးကိစ္စ သမ္မတအိမ်တော်တွင် အစည်းအဝေး ကျင်းပ
Donate to DVB

နိုင်ငံတကာဆက်ဆံရေးနဲ့ ပြည်တွင်းလုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အပါအဝင် အဆင့်မြင့် ပြည်ထောင်စုဝန်ကြီးတွေပါတဲ့ အစည်းအဝေး နေပြည်တော် သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၇ ရက်က ကျင်းပပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ ဒီအစည်းအဝေးမှာ နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေး ကိစ္စရပ်တွေ၊ တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာပြီးနောက် အခြေအနေတွေနဲ့ ရခိုင်ပြည်နယ်နဲ့ နယ်စပ်လုံခြုံရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက "ဘာထူးခြားမှုတွေရှိလို့၊ ဘာစိုးရိမ်စရာတွေရှိလို့ ထူးထူးခြားခြား စိုးရိမ်စရာတော့ မဟုတ်ဘူး၊ သို့သော် လုံခြုံရေးအခြေအနေ ထူးခြားဖြစ်စဉ်တွေ ပေါ်ပေါက်လာရင် ပေါ်ပေါက်လာသလို လူကြီးတွေ တပ်မတော်နဲ့ အစိုးရ ညှိနှိုင်းဆောင်ရွက်တာ ဒီပုံစံမျိုး ဖြစ်ပါတယ်" လို့ မနေ့ညနေက နေပြည်တော်မှာ နှစ်ပတ်တကြိမ် ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီအစည်းအဝေးကို သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တက်ရောက်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနဲ့ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ တက်ရောက်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013