DVB Logo
Home
မြန်မာသတင်း
ကျင်စန်းကျော့လမ်းပိတ်ဆို့မှုကြောင့် သခွားစိုက်တောင်သူများ အခက်ကြုံ
DVB
·
January 7, 2019
ကျင်စန်းကျော့လမ်းပိတ်ဆို့မှုကြောင့် သခွားစိုက်တောင်သူများ အခက်ကြုံ
Donate to DVB

တရုတ်နှစ်သစ်ကူးအမီ ရောင်းချဖို့ ရည်ရွယ်စိုက်ပျိုးထားတဲ့ သခွားတွေဟာ မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့လမ်းပိတ်ထားတဲ့အတွက် တင်ပို့ရောင်းချဖို့ အခက်ကြုံနေရတယ်လို့ စစ်ကိုင်းတိုင်းရှိ သခွားစိုက်တောင်သူတွေက ပြောပါတယ်။

တရုတ်ပြည်နယ်စပ် မူဆယ်မြို့ဘက်ကို ဖရဲနဲ့ သခွားတင်ပို့ရာလမ်းဖြစ်တဲ့ ကျင်စန်းကျော့ လမ်းဟာ ဒီဇင်ဘာလ ၂၇ ရက်က စတင်ကာ ပိတ်ဆို့ထားတာကြောင့် ကုန်စိမ်းသီးနှံဖြစ်တဲ့ သခွားတွေဟာ လမ်းမှာ ရက်ကြာကြာစောင့်ဆိုင်းနေရတဲ့အတွက် ပျက်စီးမှုတွေလဲ ရှိနေပါတယ်။

ဖရဲ၊ သခွားစိုက်ပျိုးသူတောင်သူတွေဟာ ပို့ကုန်တွေကို တရုတ်နိုင်ငံရောက်တဲ့အထိ အစအဆုံးတာဝန်ယူ တင်ပို့ရတာဖြစ်ပြီး ကျင်စန်းကျော့လမ်းပိတ်ဆို့ထားတဲ့အတွက် ပတ်လမ်းဖြစ်တဲ့ ပန်ဆိုင်းဂိတ်ကနေ သွားလာနေရသလို အဲလို သွားလာရတဲ့အတွက်လဲ ကား ငှားခတွေဟာ မြင့်တက်သွားတယ်လို့ ချောင်းဦးမြို့နယ်၊ သုံးပန်လှရွာသား  ဦးမျိုးဝင်းက ပြောပါတယ်။

သခွားတစ်ဧကကို စိုက်ပျိုးစရိတ်ကျပ် ၆၅ သိန်းနဲ့ သိန်း ၇၀ ကြားကုန်ကျပြီး မူဆယ်မြို့အထိ တင်ပို့အပြီးအစီးဆိုရင် ကျပ် သိန်း ၈၀ ကျော် ကုန်ကျစရိတ်ရှိပါတယ်။

သခွားစိုက်တောင်သူအများစုဟာ စိုက်ပျိုးရာမှာကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ မျိုးစေ့ဖိုး၊ ဆေးဖိုး၊ မြေဆီဖိုး စတာတွေကိုလည်း သက်ဆိုင်ရာ ကုမ္ပဏီတွေဆီကနေ ၄ လဆိုင်း အကြွေးယူ စိုက်ပျိုးကြရတာလည်း ဖြစ်ပါတယ်။

သခွားတွေဟာ အသီးဆွတ်ချိန်တန်ပေမယ့်လည်း တင်ပို့ဖို့အခုလို အခက်ခဲတွေ ဖြစ်ပေါ် နေတာကြောင့်စိုက်ပျိုးသူတောင်သူတွေအနေနဲ့ ချေးယူစိုက်ပျိုးထားတဲ့ စရိတ်တွေအတွက်ပါ ပြန်လည်ပေးဆပ်နိုင်ဖို့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

သခွားစိုက်ခင်းတဧကကို အနည်းဆုံး အလုပ်သမား ၅ ဦးငှားရမ်းရပြီး အမျိုးသမီးတဦးကို ကျပ်ငွေ ၄၅၀၀ ပေးရကာ အမျိုးသားတဦးကိုတော့ ကျပ်ငွေ ၅၀၀၀ ပေးရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်ဟာ ဖရဲနဲ့ သခွား အများဆုံး စိုက်ပျိုးကြပြီး သခွားစိုက်ဧကပေါင်း ၁၅၀၀၀ ကျော်ရှိပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013