DVB Logo
Home
မြန်မာသတင်း
မြင်းခြံခရိုင်တွင် သက်​ကြီးဘိုးဘွားများကို ကျပ်​သိန်း​ ၁၂၀၀ ​ကျော်​ အစိုးရထောက်​ပံ့
DVB
·
January 7, 2019
မြင်းခြံခရိုင်တွင် သက်​ကြီးဘိုးဘွားများကို ကျပ်​သိန်း​ ၁၂၀၀ ​ကျော်​ အစိုးရထောက်​ပံ့
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံခရိုင်ရှိ အသက်​ ၈၅ နှစ်​အထက်​ သက်​ကြီး ဘိုး၊ဘွားတွေကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက် ပထမ ၃ လ အစမှာ ကျပ်​သိန်း ၁၂၀၀ ကျော် ထောက်​ပံ့​ပေးခဲ့တယ်လို့ မြင်းခြံခရိုင်​ လူမှုဝန်​ထမ်းဦးစီးဌာနရုံးက သိရပါတယ်​။

မြင်းခြံခရိုင်​ လူမှုဝန်​ထမ်းဦးစီးဌာန လက်​​ထောက်​ညွန်​ကြား​ရေးမှူး ​ဒေါ်နန်း​မောက်​ဆိုင်​က " အရင်က အသက်​ ၉၀ နှစ်​အထက်​​ပေးတာပါ။ အခု ၈၅ နှစ်​အထက်​ ပြန်​​လျော့ပြီး ပထမဆုံး ပြန်​​ပေးတာ​ပေါ့။ လာမယ့် ဒုတိယပတ်မှာ စိစစ်​ပြီး စာရင်းဇယားအရ ဘိုး၊ဘွား ၂၀၀ ​လောက်​ ထပ်​တိုးဖို့ရှိတယ်​။ ​အတတ်နိုင်​ဆုံး ဘိုးဘွားတွေလက်​ထဲကို ကိုယ်​တိုင်​ကိုယ်​ကျ သွား​ရောက်​ပို့​ပေး တာမျိုး အတတ်နိုင်​ဆုံးပြုလုပ်​ခဲ့ပါတယ်​။ ၁ လ ကျပ် ၁၀၀၀၀ ထောက်​ပံ့တာကို အမျိုးမျိုး​ဝေဖန်​မှု​တွေ ရှိ​နေ​ပေမယ့် နိုင်​ငံ​တော်​အ​နေနဲ့ သက်​ကြီးရွယ်​အို​တွေကို တန်​ဖိုးထားတဲ့အ​နေနဲ့ ​ထောက်​ပံ့​ပေးတာ ဆို​တော့ ပြည်​သူ​တွေအ​နေနဲ့ အသိအမှတ်​ပြုရင်​ပို​ကောင်းတာ​ပေါ့”လို့ ဒီဗွီဘီကို​ ပြောပါတယ်​။

မြင်းခြံခရိုင်​ရှိ ၄ မြို့နယ်​ ငါန်းဇွန်​၊ နွားထိုးကြီး၊ ​မြင်းခြံ၊ ​တောင်​သာစတဲ့မြို့တွေမှ အသက်​ ၈၅ နှစ်​အထက်​ ဘိုး၊ဘွား ဦး​ရေဟာ ၄၀၄၈ ဦးရှိပြီး၊ အသက်​ရှည်​ ၁၀၀ အထက်​ ၃၀ ​ကျော်​ ပါဝင်​တယ်​လို့ စာရင်းအရသိရပါတယ်​။ အစိုးရက တ​ဦးကို​ လစဉ်​ တလ ကျပ် ၁၀၀၀၀ ထောက်​ပံ့​ပေးထားပြီး ၃ လ​ပေါင်းကာ တ​ကြိမ်​ ​​ငွေထုတ်​​ပေးတာဖြစ်ပါတယ်​။

လူမှုဝန်​ထမ်း ကယ်​ဆယ်​​ရေးနှင့် ပြန်​လည်​​နေရာချထား​ရေး ဝန်​ကြီးဌာနက ၂၀၁၇ ဧပြီလမှ စတင်​ပြီး အသက်​ ၉၀ နှစ်​အထက်​ ဘိုးဘွားတွေ စတင်​​ထောက်​ပံ့​ပေးခဲ့ရာမှ အခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်​စတင်​ကာ အသက်​ ၈၅ နှစ်​ ဘိုးဘွားတွေကို စတင်​​ထောက်​ပံ့​ပေးခဲ့တာလည်း ဖြစ်​ပါတယ်​။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013