DVB Logo
Home
မြန်မာသတင်း
မြန်မာတနိုင်ငံလုံးတွင် တနှစ်အတွင်း ဟိုတယ် ၈၆ လုံးတိုးလာ
DVB
·
January 7, 2019
မြန်မာတနိုင်ငံလုံးတွင် တနှစ်အတွင်း ဟိုတယ် ၈၆ လုံးတိုးလာ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ပြီးခဲ့တဲ့  ဆယ်လအတွင်း ဟိုတယ် ၈၆ လုံးတိုးလာပြီး လက်ရှိမှာ လိုင်စင်ရ ဟိုတယ်စုစုပေါင်း ၁၇၀၀ ကျော်သွားပြီလို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်အထိ တနိုင်ငံလုံးမှာ ဟိုတယ် ၁၇၀၄ လုံးကို လုပ်ငန်းလိုင်စင်ခွင့်ပြုပေး ထားပြီး  အခန်းပေါင်း ၆၈၁၆၇ ခန်းရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ဟိုတယ် ၁၆၁၈ လုံးရှိပြီး ဧပြီလမှာတော့ အခန်းပေါင်း ၆၅၄၇၀ ခန်း ရှိခဲ့တာပါ။

ဒေသအလိုက်ကတော့ နေပြည်တော်မှာ ဟိုတယ် ၆၅ လုံး၊ အခန်းပေါင်း ၅၅၆၁ ခန်း၊ ရန်ကုန်မှာ ဟိုတယ် ၄၀၄ လုံး၊ ၂၁၁၄၇ ခန်း၊ မန္တလေးမှာ ၂၁၉ လုံး၊ ၉၀၇၃ ခန်း၊ ပုဂံ ညောင်ဦးဒေသမှာ ၈၅ လုံး၊ ၃၀၁၉ ခန်းနဲ့ တောင်ကြီး အင်းလေးဒေသမှာ ၁၄၅ လုံး၊ ၄၆၀၆ ခန်းရှိနေတာပါ။

ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ကတော့ ၂၇၁၂ ခုရှိပြီး ဒီထဲမှာ နိုင်ငံခြားသားကုမ္ပဏီ ၁ ခု ပါဝင်ပါတယ်။ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၃၈၁၁ ခု ရှိပြီး ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင်ကတော့ ၄၄၀၇ ခု ရှိတာကြောင့် အရင်ကထက် ၁၀၀ လောက် လျော့သွားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013