DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် အမျိုးသား ၁ ဦး နေအိမ်အတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံး
DVB
·
January 7, 2019
အင်းတော်တွင် အမျိုးသား ၁ ဦး နေအိမ်အတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက် (ဝင်ဒါမီယာ) မှာ ဒီနေ့မနက်ပိုင်းက အမျိုးသားတဦး နေအိမ်အတွင်း သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတာ တွေ့ရတယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦး ကပြောပါတယ်။

ဇန်နဝါရီ ၇ ရက် မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ အိမ်ရှင်ဒေါ်ညွန့်ရီ ဈေးသွားနေချိန် ခြံချင်းကပ်လျက်နေ မဘုတ်စုက ဒေါ်ညွှန့်ရီရဲ့ အိမ်ထဲက ရုန်းရင်းဆန်ဖြစ်နေတာ ကြားရကြောင်း ဖုန်းနဲ့ဆက်ပြောကြားလို့ နေအိမ်ကိုပြန်လာကြည့်ရာ ခင်ပွန်းဖြစ်သူ ဦးစိုးနိုင်(ခ)ဖိုးလုံးမှာ အိမ်ခန်းထဲ လဲကျသေဆုံးနေတာ တွေ့ရလို့ ခင်ပွန်းဖြစ်သူအား သတ်သွားသူကို အရေးယူပေးဖို့ တိုင်ကြားလာ တယ်လို့ သိရပါတယ်။

အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦး က “စိုးနိုင်ဦး (ခ) ဖိုးလုံးခန္ဓာကိုယ်မှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ပြတ်ရှ ဒဏ်ရာ ၂ ချက်၊ ဝဲနို့အုံအောက်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲခါးအောက်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာခါးအောက် ပေါက်ပြဲဒဏ်ရာ ၂ ချက်နဲ့ ကျည်ဆန်ထိပ်ဖူးလို့ ယူဆရတဲ့ ခဲရောင်ခဲသီး ၃ လုံးတို့ကို တွေ့ရှိရတယ်” လို့ ပြောပါတယ်။

အင်းတော်မြို့မရဲစခန်းက စိုးနိုင်ဦး(ခ)ဖိုးလုံး သေဆုံးမှုကို လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေပါတယ်။

ကိုကိုလင်း (အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013