DVB Logo
Home
မြန်မာသတင်း
ဟာသသရုပ်ဆောင် အောင်​ရဲထွေး​သေဆုံးမှုတွင်  ဖမ်းဆီးထားသူများကို စွဲချက်တင်
DVB
·
January 7, 2019
ဟာသသရုပ်ဆောင် အောင်​ရဲထွေး​သေဆုံးမှုတွင်  ဖမ်းဆီးထားသူများကို စွဲချက်တင်
Donate to DVB

ဟာသသရုပ်ဆောင်အောင်​ရဲထွေး​သေဆုံးမှာ ဖမ်းဆီးထားသူတွေကို လူသတ်မှု၊ အားပေးကူညီမှုတွေနဲ့  စွဲချက်တင်လိုက်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဒီနေ့ဇန်​နဝါရီ ၇ ရက်​နေ့မှာ စွဲချက်​ တင်​သင့်၊ မတင်​သင့်ကို ရန်ကုန်တိုင်းဒေသကြီး အ​ရှေ့ပိုင်းခရိုင်​တရားရုံးမှာ အမိန့်​ချမှတ်​ခဲ့တာပါ။

ဖမ်းဆီးထားသူ ၃ဦးအနက်မှ သန်းထွဋ်​​အောင်​(ခ)သားကြီးနဲ့ အောင်​​လေးတို့နှစ်​ဦးကိုတော့ ​၃၀၂(၂)နဲ့ တရားစွဲဆိုခဲ့ပြီး ​ကျော်​​ဇော်​ဟန်​(ခ)​ကျော​ဇောကိုတော့ လူသတ်မှုမှာ အားပေး ကူညီခဲ့တာကြောင့် ပုဒ်မ ၃၀၂(၂)/၁၁၄နဲ့ စွဲချက်​တင်​ခဲ့ပါတယ်။

သန်းထွဋ်​​အောင်​(ခ)သားကြီးနဲ့ အောင်​​လေးတို့နှစ်​ဦဟာ သေဆုံးသူ​အောင်​ရဲ​ထွေးကို လက်​သီးနဲ့ထိုး  ​ခြေ​ထောက်​နဲ့ကန်​တာ၊ အရက်​ပုလင်းနဲ့ရိုက်တာတွေ လုပ်ခဲ့တယ်လို့ ​ကောက်​ချက်​ချနိုင်လို့ ပုဒ်မ​ ၃၀၂(၂)နဲ့ စွဲချက်​တင်​ခဲ့တာလို့ တရားသူကြီးက တရားခွင်မှာ ပြောဆိုခဲ့ပါတယ်။

ကျော်​​ဇော်​ဟန်​(ခ)​ကျော်​​ဇောကိုတော့ လူသတ်​မှုကျူးလွန်​တာကို အား​ပေးကူညီတယ်လို့ ​ကောက်​ချက်​​ချနိုင်​တဲ့အတွက် ပုဒ်မ ​ ၃၀၂(၂)/၁၁၄နဲ့ စွဲချက်တင်​ခဲ့တာပါ။

လာမယ့်ရုံးချိန်းကို ​​ဇန်​နဝါရီ ၁၅ ရက်မှာ ပြန်​လည်​ချိန်းဆိုခဲ့ပြီး ပြန်​​ခေါ်သက်​​သေတွေကို စစ်​​ဆေးသွားဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013