DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု ထိုင်းဘုရင်ထံ အသနားခံစာတင်ရန် စီစဉ်
DVB
·
January 7, 2019
လိပ်ကျွန်းအမှု ထိုင်းဘုရင်ထံ အသနားခံစာတင်ရန် စီစဉ်
Donate to DVB

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးအတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်သွားဖို့ စီစဉ်ထားတယ်လို့ အမှုမှာ မြန်မာသံရုံးကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့အတွက် အမြင့်ဆုံးဋီကာတရားရုံးမှာ နောက်ဆုံး အယူခံဝင်ထားတာနဲ့ပတ်သက်လို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပြီး ခုလို စီစဉ်ထားတာလို့ ပြောပါတယ်။

“ကျနော်တို့ကတော့ အဲ့ဒီဟာနဲ့ပတ်သက်လို့ ကောင်းဆုံး မျှော်လင့်ထားပါတယ်။ ဒါပေမယ့် တကယ်လို့များ ပြစ်ဒဏ်က နဂိုအတိုင်း ဖြစ်မယ်ဆိုရင်လည်း ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံဖို့အတွက် ထိုင်းရှေ့နေများကောင်စီနဲ့ မြန်မာသံရုံးနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဖြစ်ပါတယ်။”

မြန်မာလူငယ်နှစ်ဦးရဲ့ သေဒဏ်အတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်ကတည်းက နောက်ဆုံး အယူခံလွှာတင်ထားခဲ့ပေမယ့် ၁ နှစ်ခန့်ကြာတဲ့အထိ တရားရုံးဆုံးဖြတ်ချက် ကျမလာသေးတာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၇ ရက်မှာ မြန်မာသံရုံးက သံမှူးကြီး ဦးအောင်သူရ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ နွန်ထဘူရီ ဘန်ခွင် အကျဉ်းဦးစီးဌာနမှာ လူသတ်မှုနဲ့ အကျဉ်းကျခံနေရတဲ့ မြန်မာလူငယ် ၂ ဦးကို သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောခဲ့ကြပါတယ်။

ဒါ့အပြင် နွန်ထဘူရီ ဘန်ခွင် အကျဉ်းဦးစီးဌာနမှာ သေဒဏ်ပေးခံထားရတဲ့ တခြား မြန်မာလူငယ် ၇ ဦးကိုလည်း အလားတူ အားပေးစကားပြောပြီး လိုအပ်တာတွေ ကူညီထောက်ပံ့ပေးခဲ့ကြပါတယ်။

မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းကတည်းက အဖမ်းခံရပြီး ၂၀၁၅ ဒီဇင်ဘာလမှာ သေဒဏ်စီရင်ခံခဲ့ရကာ လောလောဆယ် နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013