DVB Logo
Home
မြန်မာသတင်း
ဒေါ်နန္ဒမာလာ၏ အာမခံလျှောက်ထားမှု လှိုင်မြို့နယ်တရားရုံး ပယ်ချ
DVB
·
January 7, 2019
ဒေါ်နန္ဒမာလာ၏ အာမခံလျှောက်ထားမှု လှိုင်မြို့နယ်တရားရုံး ပယ်ချ
Donate to DVB

ငွေကြေးလိမ်လည်မှုတွေနဲ့ တရားစွဲခံထားရတဲ့ ဒေါ်နန္ဒမာလာရဲ့ အာမခံလျှောက်ထားမှုကို လှိုင်မြို့နယ်တရားရုံးက ပယ်ချလိုက်ပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းက ရုံးထုတ်ခဲ့ပြီးနောက် အာမခံလျှောက်ထားမှုကို ပယ်ချလိုက်တာပါ။

ဒေါ်နန္ဒမာလာကို ငွေကြေးသိန်းပေါင်းများစွာ လိမ်လည်မှုတွေနဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ လှိုင်မြို့နယ်နဲ့ မန္တလေးတိုင်း မဟာအောင်မြေတရားရုံးတွေမှာ တရားစွဲဆိုထားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ မဟာအောင်မြေ တရားရုံးကတော့ ဒေါ်နန္ဒမာလာကို အာမခံပေးခဲ့ပါတယ်။

ယောဂီ ဒေါ်နန္ဒမာလာဟာ လူတချို့ဆီကနေ ငွေကြေး ကျပ်သိန်း ၁၀၀၀၀ ကျော် လိမ်လည်မှုနဲ့ ရန်ကုန်၊ မန္တလေးမှာရှိတဲ့ ရဲစခန်းတွေက ဖမ်းဝရမ်းထုတ်ပြီး တရားခံပြေးအဖြစ် သတ်မှတ် ကြေညာခံထားရပြီးနောက် ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၂၈၄ မှာ ဇန်နဝါရီ ၂ ရက်က သူစီးနင်းလိုက်ပါလာခဲ့တဲ့ ကိုယ်ပိုင်ယာဉ်ကို ရပ်တန့်ရှာဖွေခဲ့ရာက ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိ ယောဂီဝတ် နန္ဒမာလာဟာ ဓာတ်ရိုက်ဓာတ်ဆင်၊ အကြားအမြင်တွေနဲ့ နာမည်ကျော်ကြားနေသူလည်းဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီ ၁၅ ရက်နေ့ လှိုင်မြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်​ ရုံးထုတ်မှာဖြစ်ပြီး အာမခံပေးမပေး ထပ်မံအမိန့်ချမှာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013