DVB Logo
Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ်ပါမောက္ခနှင့် မန္တလေးသတင်းသမားများ အငြင်းပွားမှု စစ်ဆေး
DVB
·
January 7, 2019
ရတနာပုံတက္ကသိုလ်ပါမောက္ခနှင့် မန္တလေးသတင်းသမားများ အငြင်းပွားမှု စစ်ဆေး
Donate to DVB

မန္တလေး ရတနာပုံတက္ကသိုလ်ရှေ့မှာ ပြုလုပ်ခဲ့တဲ့ ဗကသ ကျောင်းသားများ ဆန္ဒထုတ်ဖော်မှုမှာ ပဋိပက္ခဖြစ်ပွားအောင်​ လှုံ့ဆော်ပြောဆိုခဲ့တယ်ဆိုပြီး ရတနာပုံ တက္ကသိုလ်ပါမောက္ခအား တိုင်ကြားထားမှုနဲ့ ပတ်သက်ပြီး မန္တ​လေးအ​ခြေစိုက်​ သတင်းသမားတွေကို မီဒီယာကောင်စီရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက စတင်စစ်ဆေးခဲ့ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီက ဇန်နဝါရီ ၆ ရက်နေ့က မန္တလေးအခြေစိုက် သတင်းမီယာသမား​တွေရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းတာတွေ ပြုလုပ်ခဲ့သလို ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ဝင်တွေနဲ့ ဆက်လက်တွေ့ဆုံပြီး စုံစမ်းမေးမြန်းခဲ့ပါတယ်​။

“တက္ကသိုလ်ဘက်က ပါမောက္ခချုပ်နဲ့ တွေ့ဖို့လည်း ပြောထားတာရှိတယ်။ အဓိကကတော့ သတင်းမီဒီယာဥပဒေမှာပါတဲ့ သတင်းမီဒီယာများရဲ့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်နဲ့ ပတ်သက်လို့ စုံစမ်းတာပါ​။ တွေ့ခွင့်ရမယ် ​မရဘူးဆိုတာ​တော့ မ​သေချာဘူး၊ ​တွေ့ခွင့်မ​ပေးရင် ​သူတို့ဘက်​က ပိုပြီးနစ်​နာသွားမယ်ထင်တယ်” လို့ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်နိုင် (စာရေးဆရာ-ထက်မြက်) က​ ပြောပါတယ်​။

ပါမောက္ခဌာနမှူး ဒေါက်တာ ခင်သက်ကျော်ဟာ ဖြစ်စဉ်ကို သေချာစွာမသိရှိဘဲ သတင်းမီဒီယာ​တွေကို ရိုက်၊ ရိုက် မြှောက်ပင့်ပေးတဲ့ သတင်းထောက်တွေကို ရိုက် စပွန်စာရလို့ လုပ်စားနေတာ၊ အဲဒီကောင်တွေ အဲဒီလူတွေကို ရိုက်၊ ကလေးတွေကို မြှောက်ထိုးပင့်ကော်နဲ့ လမ်းမှားရောက်အောင် လုပ်နေတဲ့သူတွေကို ရိုက်လို့ ပြောဆိုခဲ့တာ​ကြောင့် မန္တ​လေးအ​ခြေစိုက်​ သတင်းမီဒီယာ​တွေက သက်​ဆိုင်​ရာဌာနအသီးသီးကို တိုင်​ကြားထားတဲ့အတွက် အခုလို လာ​ရောက်​စုံစမ်း​မေးမြန်းတာ ဖြစ်ပါတယ်​။

ဒီဖြစ်ရပ်ဟာ သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာတွေရဲ့လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် ကို ထိပါးမှု ရှိ မရှိ ဆုံးဖြတ်နိုင်ဖို့အတွက် ကော်မတီက စုံစမ်းစစ်ဆေးသွားမှာဖြစ်​ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ နောက်ဆုံးထားကာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တင်ပြ အစီရင်ခံသွားရမှာလည်း ဖြစ်ပါတယ်​။

စုံစမ်းစစ်ဆေးရေးကော်မတီကို ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ-၂ ဦးကျော်နိုင် (စာရေးဆရာ-ထက်မြက်)၊ အတွင်းရေးမှူးအဖြစ် ကောင်စီတွဲဘက်အတွင်း ရေးမှူး-၂ ဦးလှိုင်းသစ်ဇင်ဝေ (ခ) သာလွန်ဇောင်းထက်၊ အဖွဲ့ဝင်တွေအဖြစ် ကောင်စီဝင်တွေ ဖြစ်တဲ့ ဦးဇေယျ၊ ဦးပိုင်စိုးဦး (ခ) ဂျေပိုင်၊ ဒေါ်သူဇာ အပါအဝင် အဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013