DVB Logo
Home
မြန်မာသတင်း
ချောက်​မြို့၌ လူ၁၂ ဦး​ ခွေးရူးကိုက်​ခံရ၊ အခမဲ့ကုသပေးရန်ဆေးရုံတွင်​ ဆေးပြတ်​​နေ
DVB
·
January 7, 2019
ချောက်​မြို့၌ လူ၁၂ ဦး​ ခွေးရူးကိုက်​ခံရ၊ အခမဲ့ကုသပေးရန်ဆေးရုံတွင်​ ဆေးပြတ်​​နေ
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်​မြို့မှာ နှစ်ရက်​အတွင်း လူ ၁၂ ဦး ​ခွေးရူး ကိုက်​ခံရပြီး ​ချောက်​ပြည်​သူ့​ဆေးရုံမှာ ​ခွေးရူးပြန်​​ရောဂါဖြေဆေးပြတ်နေတာကြောင့် လူနာတွေကို အခမဲ့ဆေးထိုး​ပေးဖို့  အဆင်မပြေ ဖြစ်နေပါတယ်​။

ချောက်ပြည်သူ့ဆေးရုံမှ တာဝန်​ကျဆရာမ တဦးက “ဆေးရုံမှာက ​ခွေးရူးဆေးနဲ့ ပတ်​သက်​ပြီး ဘာမှမရှိလို့ အပြင်​က ဝယ်​ထိုး​ပေး​နေရတယ်​၊ မ​နေ့က သုံးယောက်​အကိုက်​ခံရပြီး ဒီ​နေ့ည​နေ ၄နာရီ ​နောက်​ပိုင်းက​နေ ည ၇ နာရီအထိ ကိုးယောက်​ အကိုက်​ခံရတယ်​ ​ခွေးက တကောင်​ထဲလို့ သိရတယ်​”လို့ ပြောပါတယ်။

ခွေးရူးကိုက်​ခံရလို့​ ဆေးရုံ​ရောက်​​နေတဲ့ က​လေးမိခင် တဦးကလည်း “ကျမတို့က ​နေစား ပန်းရံလုပ်​စားရတာ တရက်​ငါးထောင်​ပဲရတာ၊ အခု က​လေး​ခွေးကိုက်​ခံရတာ ည​နေက ​ငွေ​ကြေးရှာ​ဖွေ​နေရလို့ အခုမှ ​ဆေးရုံလာခဲ့တာ။ ပိုက်​ဆံ ကိုးသောင်း ​ဆေးဝယ်​တာ ၁၂၀၀ ပဲ အမ်းတဲ့ ပိုက်ဆံပြန်​ရတယ်​။ ဒီအတွက်​ ​တော်​​တော်​ခက်​ခဲတယ်​” လို့ ​ပြောပါတယ်

ယင်း​ခွေးရူး ကိုက်​ခံရသူတွေကတော့  အသက် ၆ နှစ်အောက် ကလေးငယ် တဦးအပါအ၀င် ကျား ၆ ယောက် မ ၆ ယောက်ဖြစ်ပြီး  ချောက်​မြို့၊ အမှတ်​၁၀၊ အေး​စေတီရပ်၊ ​အေးရပ်​၊ အာရှရပ်​၊ စစ်​ကွင်း၊ စံပြမြို့သစ်​ရပ်​နဲ့ ကင်​မွန်းခြုံရပ်​​ကွက်တွေမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။

ချောက်​မြို့ပြည်​သူ​ဆေးရုံ  ဆေးရုံအုပ်​ဆရာဝန်​ကြီးက​တော့ “Equirab ​ခွေးရူး​ရောဂါ​ဖြေ​ဆေး ကို​တော့ ​​ခွေးကိုက်​လို့ ​ရောက်​လာတဲ့လူတိုင်းကို အ​ရေပြား​ပေါက်​ပြဲပြီး ​သွေးထွက်​ရင်​ ကိုယ်​အ​လေးချိန်​​ပေါ်မူတည်​ပြီး အနာပါတ်​လည်​နဲ့ တင်​ပါးကို ထိုး​ပေးရတယ်​၊။ ဆေးရုံမှာ ​ဆေးကမရှိ​တော့လို့ အပြင်​က ဝယ်​​ခိုင်းပြီးဘဲ ထိုး​ပေးရတာ”လို့ ပြောပါတယ်

ချောက်​မြို့ ​ဆေးအ​ရောင်းဆိုင်​တော့ ခွေးရူးပြန်ကာကွယ်ဆေးတွေ ​ဆေးအမျိုးအစား အများအပြားရှိ​နေ​ပြီး ခွေးရူးပြန်ကာကွယ်ဆေး တလုံးကို ကျပ် ၁၀၀၀၀ အထက် ပေါက်ဈေး ရှိပါတယ်။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013