DVB Logo
Home
မြန်မာသတင်း
မိုးစက်ဝိုင်ဦးစီးသည့် Myanmar's Heart အဖွဲ့ တွန်းဇံ အ.ထ.ကကို ရေသန့်နှင့် လျှပ်စစ်စက်လှူဒါန်း
DVB
·
January 7, 2019
မိုးစက်ဝိုင်ဦးစီးသည့် Myanmar's Heart အဖွဲ့ တွန်းဇံ အ.ထ.ကကို ရေသန့်နှင့် လျှပ်စစ်စက်လှူဒါန်း
1 / 5
Donate to DVB

အလှမယ် မိုးစက်ဝိုင် ဦးဆောင်တဲ့ Myanmar's Heart အဖွဲ့က ချင်းပြည်နယ်၊ တွန်းဇံမြို့ အထက်တန်းကျောင်းအတွက် လေကနေတဆင့် ထုတ်လုပ်မယ့် ရေသန့်နဲ့ လျှပ်စစ်မီး ထုတ်ယူသုံးစွဲနိုင်ဖို့စက်တွေကို Swelect အိန္ဒိယကုမ္ပဏီနဲ့ ပူးပေါင်းပြီး မနေ့က လှူဒါန်းပါတယ်။

လှူဒါန်းတာနဲ့ ပတ်သက်ပြီး အလှမယ် မိုးစက်ဝိုင်က "ချင်းပြည်က တောင်ကျရေတွေဟာ ထုံးဓာတ်ပါတာတွေ့ရတယ်။ ရေဆိုတာသန့်မှ လူလည်း ကျန်းမာရေးကောင်းမယ်။ ကျန်းမာရေး ကောင်းမှ ကျောင်းသားတွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ်"လို့ ပြောပါတယ်။

အ..ထ.က တွန်းဇံကျောင်းဟာ တွန်းဇံမြို့ရဲ့ တခုတည်းသော အထက်တန်းကျောင်း ဖြစ်ပြီး တွန်းဇံမြို့ ခေါဝုန်/လေးဆန် ရပ်ကွက်ထဲမှာ တည်ရှိပါတယ်။ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူပေါင်း ၁၀၀၀ ကျော်ခန့်ရှိပါတယ်။

ခုလို ရေသန့်လှူဒါန်းတာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါလ်လွန်မင်းထန်က “ရေသန့်ဆိုတာ အရေးပါပါတယ်။ လူတွေက ရေကိုပေါတယ် ထင်ကြတယ်။ တန်ဖိုးမထားကြဘူး။ တကယ့် နည်းပညာရှင်တွေကတော့ လူတွေရေသန့်ကို ရေရှည်သောက်နိုင်ဖို့ အခက်အခဲကို စဉ်းစားနေကြတယ်။ နောက်လာမယ့် အချိန်တွေမှာ ရေသန့်လိုအပ်ချက် စိန်ခေါ်မှုတွေ ဖြစ်လာမယ်။ သောက်သုံးရေသန့်ရဖို့ဆိုတာလဲ အရင်းနှီးများတယ်။ ဒါကို အစိုးရကလည်း လုပ်နေတယ်။ ဒါကြောင့် ရေသန့်စက်လှူတာကို ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။

မြန်မာနဲ့ အိန္ဒိယ ပူးပေါင်းထားတဲ့ Swelect Myanmar အနေနဲ့ အ.ထ.က တွန်းဇံ ကျောင်းအပြင် ဒေသတွင်းနေထိုင်သူတွေအတွက်ပါ ရေသန့်စက်တွေကူညီပေးဖို့ အစီအစဉ်ရှိပြီး အသေးစိတ် ကွင်းဆင်းတိုင်းတာ သုတေသနလုပ်သွားဖို့ ရှိပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013