DVB Logo
Home
မြန်မာသတင်း
ကိုယ့်တိုင်းရင်းသားအချင်းအချင်း ဒီလိုမလုပ်သင့်ဘူး - ခထီးလှရဲကင်းစခန်း ဒဏ်ရာရ ရဲတပ်​သား
DVB
·
January 6, 2019
ကိုယ့်တိုင်းရင်းသားအချင်းအချင်း ဒီလိုမလုပ်သင့်ဘူး - ခထီးလှရဲကင်းစခန်း ဒဏ်ရာရ ရဲတပ်​သား
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူသီး​တောင်​မြို့နယ်​​မြောက်​ပိုင်းရှိ နယ်​ခြား​စောင့်ရဲကင်းစခန်း ၄ ခုအား ဇန်​နဝါရီ ၄ ရက်​​နေ့က ရက္ခိုင့်တပ်မတော် (အေအ) ဝင်​​ရောက်​တိုက်​ခိုက်​မှု​ကြောင့် ဒဏ်​ရာ ရရှိသွား တဲ့ တပ်​ဖွဲ့ဝင်​ ၆ ဦးဟာ မောင်​​တော​ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ၁ ဦး စိုးရိမ်ရတယ်လို့ သိရပါတယ်။

"တိုက်ပွဲက ၆ နာရီ ၅ မိနှစ်လောက်က စဖြစ်တယ်၊ ၉ နာရီခွဲမှာရပ်​တယ်။ သူတို့က လက်နက်ကြီးနဲ့ ပစ်တယ်။ ဒါကြောင့် တပ်ဖွဲ့ဝင်တွေ အချို့ကျဆုံးတယ်။ တချို့ဒဏ်ရာတွေရတယ်။ ကိုယ့်တိုင်းရင်းသားအချင်းအချင်း ဒီလို မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ ဒီလိုအဖြစ်မျိုး အခုမှတွေ့ဖူးတာ" လို့ ခထီးလှ ရဲကင်းစခန်းမှ ရဲတပ်​သား ​ကျော်​ဆန်းက ​ပြောပါတယ်​။

ဇန်​နဝါရီ ၄ ရက်​​နေ့က ရက္ခိုင့်တပ်​မ​တော်​ အေအေက ဘူးသီး​တောင်​မြို့နယ်အတွင်းက ရဲကင်းစခန်း ၄ ခု ဝင်​​ရောက်​တိုက်​ခိုက်​ခဲ့ရာ တပ်​ဖွဲ့ဝင်​ ၁၃ ဦး ကျဆုံးပြီး ၉ ဦး ထိခိုက်​ဒဏ်​ရာခဲ့​တာပါ။

ဂုတ်ပိစခန်းက ရဲတပ်သား ထင်တော်ခတ်ဟာ ဒဏ်ရာပြင်းထန်လို့ ခွဲစိတ်ရမယ်လို့  ခွဲစိတ်အထူးကုဆရာဝန်​ ဒေါက်​တာ ထွန်းမင်​လတ်​က ပြောပါတယ်။

“ဗိုက်က ဒဏ်ရာကပြင်းထန်တယ်။ အခု ခွဲစိတ်ရမှာဖြစ်တယ်။ နောက်လူနာတွေကတော့ သိပ်စိုးရိမ်စရာမရှိပါဘူး။”

မောင်​​တောပြည်​သူ့ဆေးရုံမှာ ​​ဆေးကုသခံယူ​နေသူ ၆ ဦးမှာ ခထီးလှစခန်းက ၃ ဦးနဲ့ ဂုပ္ပိရဲကင်းစခန်းမှ ၃ ဦး ဖြစ်တယ်လို့ သိရပါတယ်။

မောင်​​တောပြည်​သူ​ဆေးရုံမှာ ​​ဆေးကုသခံယူ​နေသူ ၆ ဦးအား ဗိုလ်မှူးကြီး လှမိုးက တ​ဦးကို ​ငွေ ၅ သိန်းစီနဲ့ စား​သောက်​ဖွယ်​ရာတွေ လာ​ရောက်​​ထောက်​ပံ့​ပေးခဲ့ပြီး ကျဆုံးသူတဦးကို​ ​ငွေ ၁၀ သိန်းစီ​ တပ်​မ​တော်​က ထောက်​ပံ့လှူဒါန်းခဲ့​တယ်လို့ သိရပါတယ်။

သတင်း - ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013