DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းတွင် ကရင်တိုင်းရင်းသားတို့၏ ဖြောင့်မတ်တည်ကြည်မှုကို အလေးထားဟု အတိုင်ပင်ခံပြော
DVB
·
January 6, 2019
ငြိမ်းချမ်းရေးလုပ်ငန်းတွင် ကရင်တိုင်းရင်းသားတို့၏ ဖြောင့်မတ်တည်ကြည်မှုကို အလေးထားဟု အတိုင်ပင်ခံပြော
Donate to DVB

ကရင်တိုင်းရင်းသားတို့ရဲ့ ဖြောင့်မတ်တည်ကြည်တဲ့၊ သတ္တိကြီးတဲ့ စွမ်းရည်ကို ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေမှာ အထူးအလေးထား အားကိုးတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောတာဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ ကရင်တိုင်းရင်းသားတွေ အနေနဲ့ ငြိမ်းချမ်းရေးကို မဖြစ်မနေရယူဖို့ လိုအပ်တာကို လေးလေးနက်နက် နားလည် ယုံကြည်ကြမယ်လို့လည်း ဖော်ပြထားပါတယ်။

ရိုးသားတာ၊ ကြိုးစားတာ၊ သစ္စာရှိတာ၊ သန္နိဋ္ဌာန်နဲ့ တိတိကျကျ ပြတ်ပြတ်သားသား လုပ်ကိုင်တတ်တဲ့ ကရင်တိုင်းရင်းသားတို့ရဲ့ ကောင်းမြတ်တဲ့ ဓလေ့စရိုက်တွေဟာ ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်းပြည်ပ စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ အခုအခါမှာ တိုင်းရင်းသား အားလုံးရဲ့ တယောက်ချင်း အရည်အသွေး၊ စိတ်ဓာတ်တို့ဟာ အများကြီး အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

နှစ်သစ်ကူးနေ့မှာ ကရင်တမျိုးသားလုံး ပေါင်းစည်းတာ၊ ပျော်ရွှင်တာ၊ စည်းလုံးတာနဲ့ အနာဂတ်အတွက် ကောင်းမွန်စွာမျှော်လင့်တာတွေနဲ့ ပြည့်စုံပါစေလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းပေးထားပါတယ်။

နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ထားပြီး ဒီနှစ်မှာတော့ ၂၇၅၈ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013