DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူဦးရေ ယနေ့နံနက် ၅၄ သန်းပြည့်ပြီ
DVB
·
January 6, 2019
မြန်မာ့လူဦးရေ ယနေ့နံနက် ၅၄ သန်းပြည့်ပြီ
Donate to DVB

မြန်မာနိုင်ငံလူဦးရေဟာ ဒီနေ့မနက်ပိုင်းမှာ ၅၄ သန်းပြည့်တယ်လို့ ပြည်သူ့အင်အားဦးစီးဌာနက တွက်ချက် ဖော်ပြပါတယ်။

အလိုအလျောက်တွက်ချက်တဲ့စနစ်အရ ဒီနေ့ မနက် ၁၀ နာရီကျော်မှာ ပြည့်တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် မတ်လမှာ ကောက်ယူထားတဲ့ သန်းခေါင်စာရင်း  လူဦးရေ ၅၁ ဒသမ ၄ သန်း ကျော်ကို အခြေခံပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အတွက် ခန့်မှန်း တွက်ချက်ခဲ့တာကတော့ ၅၃ ဒသမ ၃၉ သန်းဖြစ်ပြီး သုံးနှစ်ခွဲ ကာလအတွင်း လူဦးရေ သိန်း ၂၀ နီးပါး (၁ ဒသမ ၉ သန်း) တိုးလာတယ်လို့ ခန့်မှန်းတွက်ချက်ထားတာပါ။

၁၉၇၃ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၂၈,၉၁၉,၆၅၀ ရှိခဲ့ပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၅ သန်း ၃ သိန်းကျော်ရှိခဲ့တာပါ။

၂၀၅၀ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၅ သန်းလောက် ဖြစ်လာမယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနက ပြီးခဲ့တဲ့ မတ်လမှာ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းမှာတော့  ၂၀၃၁ ခုနှစ်မှာ လူဦးရေ ၁၀ ဒသမ ၅ သန်းခန့် ရှိလာမယ်လို့လည်း အဲဒီ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အစိုးရနဲ့ ဌာနဆိုင်ရာတွေအနေနဲ့ မူဝါဒနဲ့ စီမံကိန်းတွေ ချမှတ်တဲ့အခါ ဒီလူဦးရေ စာရင်းကို အခြေခံရတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မကောက်ယူခင်ကတော့ မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိတယ်လို့ အစိုးရက ခန့်မှန်းဖော်ပြသုံးစွဲခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013