DVB Logo
Home
မြန်မာသတင်း
ရဲကင်းစခန်း ၄ ခုအား တိုက်ခိုက်ခဲ့သည့် ရက္ခိုင့်တပ်မတော်ကို အမှုဖွင့်
DVB
·
January 5, 2019
ရဲကင်းစခန်း ၄ ခုအား တိုက်ခိုက်ခဲ့သည့် ရက္ခိုင့်တပ်မတော်ကို အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်က ရဲကင်းစခန်း ၄ ခုကို ဇန်နဝါရီလ ၄ ရက်နေ့က တိုက်ခိုက်မှု ဖြစ်စဉ်အတွက် ရက္ခိုင်တပ်မတော် (အေအေ) အဖွဲ့ကို ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေရဲစခန်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ငမြင်းဘော်ရဲကင်း စခန်း၊ ကျောင်းတောင်ရဲကင်းစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်တဲ့အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄၊ (ပ)၅/၂၀၁၉၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက် ဥပဒေပုဒ်မ ၂(၁)(က)အရ အမှုဖွင့်ထားသလို  ဂုပ္ပိရဲကင်းစခန်း၊ ခထီးလှရဲကင်း စခန်းနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ နဲ့ အမှုဖွင့် ဆောင်ရွက်နေပါတယ်။

အေအေအဖွဲ့ တိုက်ခိုက်မှုကြောင့် ငမြင်းဘော် ရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးကာ ရဲတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရရှိပြီး ကျောင်းတောင်ရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကာ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဂုပ္ပိရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ခထီးလှရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းတွေလည်း ယူဆောင်ခံရပြီး ရဲတပ်ဖွဲ့ပိုင် ရဲကင်းစခန်း အဆောက်အဦနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013